Wednesday 7 December 2011

ကဗျာ (15)

နင်ဟာ နင်လို
အလှတရားဟာ အလှတရားလို
ပန်းကလေးတစ်ပွင့်ဟာ ပန်းကလေးတစ်ပွင့်လို
လှပနေစေချင်တယ်
ခြွေနမ်းဖို့ မစဉ်းစားရဲဘူး။





မြစ်တစ်စင်းဟာ မြစ်တစ်စင်းလှို
တောင်တန်းဟာ တောင်တန်းလို
ကောက်ကွေ့နေစေချင်တယ်
သုံးဖို့ စားဖို့ စဉ်းစားရင်း အလှတရားတွေ ပျက်သွားခဲ့ရင်
ယောကျာ်းဟာ ယောကျာ်းလို
မာယာတွေကို အစွမ်းကုန် ဇက်ကြိုးထိမ်းသင့်တယ်။





အသံတွေရှိတဲ့ နေရာမှာ ငါ့နားရွက်တွေ မပျော်မွေ့နိုင်ခဲ့တဲ့
နေ့တွေ ရက်တွေ
မင်းငြင်းပယ်တဲ့ အသံဟာ နှင်းဆီနီနှစ်လွှာရဲ့ ရိုက်ခတ်သံလို
လှပတဲ့ အရသာကို ငါ တွေ့ရှိခဲ့တယ်။





(ဧရာဝတီသို့ ရည်ရွယ်သည်)
ကဗျာ
ငါ .... လွမ်းတယ်
<><><><><><><><><><><><><><><><><><> <> <> <> <> <> <> <> <> <> <><> <><> <><> <><> <><> <><> <><> <><> <><> <><><><><><><><><>
ပန်းနုရောင် နီမြန်းတဲ့ သူ့ နှုတ်ခမ်းအိမ်မက်များ ပျိုးကျဲမိတယ်နှလုံးသွေးတွေ ယိုစီးကျ“ ချစ်တယ် ” လို့ သူပြောမယ့်ခဏဒိုင်ယာရီစာမျက်နှာတိုင်းမှာ တောင့်တခဲ့ဖူးတယ်။ ။ နေထွက်တယ် နေ၀င်တယ်လသာတယ် ကြယ်ကြွေတယ်သိပြီးသားပါချစ်သူနင်မသိသေးတဲ့အချစ်မှာ အချစ်ပဲရှိတယ် ဆိုတာ နင်ဖတ်တဲ့ စာအုပ်တိုင်းမှာ ငါရေးပြလိုက်ချင်တယ်။ ။နုအိတဲ့ သူ့လက်ငါ လက်ငါးချောင်းတောင် ပွေ့ဖက်လို့ မပြီးခင်ခုန်တန်းရှည် အစွန်းနှစ်ခုမှာဒီဇာတ်က တစ်ခန်းရပ်ခဲ့ကြတယ်။ ။မျက်ရည်တွေနဲ့ ငါကြေကွဲခန်းကိုငွေ့ရည်မဖွဲနေတော့ဘူး …ငါ လွမ်းတယ် ချစ်သူဒါထက်လှလှပြောဖို့ နှလုံးသားကအလုပ်မလုပ်တော့ဘူး။ ။ငှက်တွေက တေးဆိုရပ်မလည်ပတ်တော့တဲ့ ငါ့ကမ္ဘာမှာနာရီလက်တံတွေ ဆိုင်းငံနေကြတယ်သောက်နေကျ ခါးသက်သက် ကော်ဖီတစ်ခွက်တောင် မဖြေသိမ့်နိုင်တော့ဘူး။ ။  ငါလွမ်းတယ် ချစ်သူ…… ။ ။
နင့်အတွက်... ငါ့ရင်ခွင်...
<><><><><><><><><><><><><><><><><><> <> <> <> <> <> <> <> <> <> <><> <><> <><> <><> <><> <><> <><> <><> <><> <><><><><><><><><>
ဘ၀ကို သုခုမဆန်ဆန် စီးဆင်းရင်းအိမ်မက်တစ်ဆင်စာနဲ့ တင်တောင်းဖို့ငါမင်းဆီလာနေခဲ့ပါပြီ…ငါ့ဘ၀အတွက်တော့ အချစ်ဆိုတာဟာသူရဲကောင်းပေါ့…
ဒါပေမယ့် စစ်ခရာကိုမမှုတ်ပဲသံလွင်ခတ်တွေနဲ့လုပ်ထားတဲ့ပုလွေတစ်လက်ကို ကိုင်စွဲရင်းတေးသီချင်းတစ်ပုဒ်သီခဲ့တယ်.
ပြီးတော့မှငါ့နှလုံးသားမှာအလံတစ်ခုစိုက်နှလုံးသားအင်ပါယာတစ်ခုလုံးကိုမင်းသိမ်းပိုက်ဖို့ ထိုးအပ်လိုက်တယ်…
နောက်ပြီး…မင်းစီးနေတဲ့ ဖိနပ်လေးကိုငါ လို့ သတ်မှတ်ပစ်လိုက်ပါ… အနူးညံ့ဆုံးခြေဖ၀ါကိုအနီးကပ်ဆုံးထမ်းခွင့်ရလို့အရမ်းကိုပျော်ပါတယ်…
ဒါပေမယ့်…ဖွဖွလေးတော့နင်းပါနော်…










ကိုယ်ပိုင်မြန်မာကဗျာ (၁)
မှတ်ချက်။ ။ ငယ်ငယ်ကလေးဘ၀ကရေးဖွဲ့သည်။





သံစဉ်ညှိခြင်း
မေမေ
သားချစ်သူက
ရည်းစားစာလေးတစ်စောင်ပါ။
..............သားက
..............စာအိတ်လှလှလေးတစ်လုံးပါ။
ဖေဖေရာ
ပေးလိုက်စမ်းပါ
မေ့မေ့ကို။
-ဇေယျာအိုင်ဦး





မြန်မာကဗျာ (၂)
မှတ်ချက်။ ။ ဒီကဗျာကတော့ ငယ်ငယ်ကကျက်မှတ် ဖူးပြီး ဒီနေ့တိုင်နှစ်သက်နေတဲ့ မြန်မာကဗျာလေးတစ်ပုဒ်ပါ။ လူသားရဲ့အားမာန်ကိုပေါ်အောင်ဖွဲ့ဆိုထားတဲ့ကဗျာရဲ့ခေါင်းစဉ်လေးက ထိပ်ဆုံးသို့ တဲ့။





ထိပ်ဆုံးသို့
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား?။
စခဲ့မိဟာပေါ့
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နဲ့
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပေါ့
ချစ်ဖွယ့်လူသား။ ။










“ အနာဂါတ် ခရီးသည်..... ”
















တည်ဆောက်နေဆဲအိပ်မက်တွေမှ





စိတ်တိုင်းကျမလှပနိုင်ခင်





ပြင်ဆင်ထားခဲ့သမျှဆုံးရှုံး





အပြုံးတွေဝေးလွင့်ပျောက်ကွယ်





မိုးသောက်တော့မယ်လေ.......





ကြယ်တွေညီလာခံပြီးဆုံး





အဝေးဆုံးအရပ်တွေဆီ





ဦးတည်လမ်းခွဲထွက်ခွာကြရ





နောက်တစ်ညဆိုတာ





လှပတဲ့အိပ်မက်တွေ





မက်နိုင်ခြေရှိသေးတယ်လို့










ဘယ်သူကအာမခံနိုင်မှာ မို့လဲ.....။





ယုံကြည်လို့မရတဲ့ နံနက်ခင်း





အလင်းသစ်တွေကိုစိုးရွံ့





ဆွံ့အ သွားတော့မယ့်အိပ်မက်





ပြိုပျက်သွားတာနဲ့အတူတူပါပဲ။





လမ်းခွဲမှာခြေစုံရပ်





ပြတ်သားတက်မှုတွေပျောက်ဆုံး





အတွေဝေဆုံးအတွေးတွေနဲ့





လေးဖင့်နေခဲ့တဲ့ခြေလှမ်း





ပင်ပန်းနွမ်းနယ်နေခဲ့ပြီ။





ဒါပေမယ့်လေ.....





ရာသီလှံတံတွေကြားဖြတ်သန်းရင်း





စခန်းသင့်





ပြန်ဆုံခွင့်ရကြမယ့်





အနာဂါတ်ရဲ့ ညတစ်ည





တောင့်တမျှော်လင့်ကြမယ်နော်....















“ မိုးးးးး ”





















ပြိုမလို





တိမ်ညိုကဟန်ရေးပြင်





မိုးရိပ်ဆင်အုံ့ကာမှိုင်းတော့





ဒီလူမှာ





ဘ၀င်ခိုက်စွာ





မိုးရေခံမဟဲ့အသင့်ပြင်





ရူးအောင်ဖန်တဲ့ရွှေတိမ်မိုး





လေအသော့မှာ





ပြေလျော့လို့





တိမ်တောင်ရယ်အဝေးနှင်





မချိရင်မှာ





မာန်လျှော့လို့





ပြန်တော့မယ်ကွဲ့





ရေခံသူ.....















“ နားလည်မှူ ”











“ နားလည်မှူ ”





…..မြင်ပါရက်နှင့်
မျက်နှာလွဲသွားတဲ့....
……ရက်စက်သူလို့
စွဲချက်မတင်ပါနဲ့နော်...။





အပြုံးချိုချိုလေးတွေနှင့်
ဆုံလိုက်တိုင်း မသိသလိုနေတတ်ခဲ့လို့ 
ဥပေက္ခာ ပြုရက်သူလို့
မယူဆလိုက်ပါနဲ့နော်...။





…ပုံရိပ်လေးနဲ့ တွေ့လိုက်တိုင်း
တမင် သွေဖယ်သွားခဲ့တဲ့
…..မာနရှင်လို့
အပြစ်မဖွဲ့လိုက်ပါနဲ့နော်...။





တကယ်ဆို…………
ဖွင့်ဆိုခွင့် မရှိတဲ့
လူတစ်ယောက်ရဲ့
သိက္ခာ နဲ့ စည်းကို
လည်နိုင်မယ်ဆိုရင်
ဟန်ဆောင်မှုတွေကို…..ခ၀ါချပြီး
ပျော်ရွှင်မှု…နေ့ရက်တွေကိုလက်တွဲ
နားလည်မှု ရလဒ်တွေနှင့်
ရှေ့ဆက်ရမယ့်……အနာဂတ်ခရီးဟာ
သာယာလှပလာမှာပါ…………။




















“ငါ သေခဲ့မယ်ဆိုရင်....”











၁။ သေမင်းနှင့် ငါဟာ
ချိန်းထားတာ မဟုတ်လေတော့
အကြောင်းကြောင်းတွေကြောင့်
ခုနေများ—–တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ငါ့ကိုတမ်းတပြီး
ငိုမယ့်လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။





၂။ အသေစောလှချည်ရဲ့—ဆိုပြီး
ဝမ်းနဲပက်လက်နဲ့
အထက်မိုးကောင်းကင်ထိ
မြည်ဟီးတုန်လှုပ်သွားရအောင်
ပူဆွေးသောကတွေကို
တံပိုးခရာလုပ်ပြီး မှုတ်မဲ့လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။





၃။ သေသွားတဲ့ ငါ့မှာလည်း
ငိုယိုပြီး တမ်းတနိုင်လောက်တဲ့
လွမ်းလောက်တဲ့ အရည်အချင်းတွေ
လုပ်ဆောင်ချက်တွေ ဆိုတာလဲ
လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်
မယ်မယ်ရရ ဘာမှ မရှိလှပါဘူး။





၎။ ငါကိုယ်တိုင်ကလဲ
ငါသေရင် ငိုယိုတမ်းတမယ့်သူတွေကို
မမျှောင်လင့်ပါဘူး
ငါသေသွားလို့
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်နေမယ့်သူတွေ
လုံးဝ မရှိစေချင်ပါဘူး။





၅။ သေသွားမှ လာငိုတဲ့အလုပ်
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်ရတဲ့ အလုပ်တွေကို
အကျိုးရှိတဲ့ အလုပ်တွေလို့
ငါ လုံးဝ မယုံကြည် မယူဆခဲ့ပါဘူး
ငါကိုယ်တိုင်လဲ
ဘယ်သူသေတာ မြင်ရလို့မှ
ငိုကြွေးတာ ပူဆွေးတာ မရှိခဲ့ပါဘူး။





၆။ ခုနေများ—တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ထွေထွေထူးထူးလဲ
ငါ ဘာကိုမှ မတောင့်တပါဘူး
အသက်ဝိဉာဉ် ကင်းမဲ့နေပြီဖြစ်တဲ့
အနှစ်မရှိတဲ့ ငါ့အလောင်းကို
တွေ့ကြ မြင်ကြပြီး
မသေခင်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို
ကြိုးစားလုပ်ဆောင်ရမယ်
သေသွားရင် ဒီခန္ဓာကိုယ်ကြီးက
ဘာမှ အသုံးမကျတော့ပါလားဆိုတဲ့
အသိဉာဏ်တွေ ဖြစ်ပေါ်မယ်
သေခြင်းတရားနဲ့ ပတ်သက်တဲ့
သတိဝံဝေဂဉာဏ်တွေ ရရှိမယ်
အသုဘနိမိတ် အသုဘ သညာတွေ ထင်မြင်မယ်
မရဏာနုဿတိလို့ခေါ်တဲ့
သေခြင်းတရားကို အဖန်ဖန် အောက်မေ့သတိရတဲ့
သတိတရားတွေနဲ့ အသုဘကမ္မဋ္ဌာန်းတွေ
လေးလေးနက်ကန် ပွားများဖြစ်ကြမယ်-ဆိုရင်
သေသွားတဲ့ငါက ကျေနပ်မိမှာပါပဲ
အခုလောလောဆယ်တော့ ငါ မသေသေးပါဘူး
ဒါပေမယ့်...
သေချာတာတခုကတော့
အချိန်မရွေး ငါသေနိုင်တယ်ဆိုတာပါပဲ။





( မြတ်နွယ်-ပတ္တမြားမြေ )

အဖေကြားနိုင်ပါစေ…

ငယ်စဉ်ကတည်းက...ပဲ့ပြင်ဆုံးမ
မိဘတာဝန်ကျေခဲ့တဲ့... အဖေ
သားသမီးတွေ
မျက်နှာငယ်အောက်ကျို့
မရှိစေရအောင်
ကြိုးစားစွမ်းဆောင်ပေးခဲ့တဲ့...အဖေ
ပင်ပန်းမှုကို မိသားစုရဲ့သာယာမှုနဲ့ဖြေဖျောက်ပြီး
ကျွန်တော်တို့အတွက်
အနစ်နာခံခဲ့တဲ့... အဖေ
ဘ၀အမောတွေကိုခါးစည်းခံ
လောကဓံကို ရင်ဆိုင်ပြီ
ကျွန်တော်တို့ရှေ့က
ကြံကြံခံ ကာဆီးပေးခဲ့တဲ့
မဟာတံတိုင်းကြီးသည်... အဖေ
ရာသီသုံးပါ... မနေနားဘဲ
ကြိုးစားခဲ့တဲ့ အဖေရုပ်ရည်
ဇရာဘယ်လောက်ထင်ထင်ပါ
အဖေရဲ့ မျက်နှာပေါ်မှာ
သား/သမီးတို့အပေါ်ထားတဲ့
ဖခင်မေတ္တာကို
သားကောင်းကောင်းကြီးမြင်နေရတယ်_အဖေ
အိုအဖေ... မြင်ကြည့်စမ်းပါဘိ...
အိမ်ရာဝင်တိုင်း...
ဆောင်ခြုံ ချစ်စနိုးနမ်းပြီး
မီးပိတ်ပေးတတ်တဲ့
ကျွန်တော်ရဲ့ ချစ်သောအဖေ
အခုတော့… ဘယ်ရောက်နေပြီလဲ…
ဒီရသ ဒီခံစားမှုကိုမျိုး
ဘယ်လိုအစားထိုးနိုင်မှာလဲလေ...
အဖေချစ်သော... သား
အဖေအတွက်
ကဗျာတစ်ပုဒ်ရေးခဲ့ပြီ... အဖေ
အဖေကြိုက်တဲ့
အောင်ချိမ့်တို့ မောင်ချောနွယ်တို့လောက်
မကောင်းပေမယ့်
အဖေကိုလွမ်းဘို့
ဘ၀တစ်ခုရဲ့ စာမျက်နှာကို
ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့အတွက်
ကဗျာတစ်ပုဒ်ကို
ကလက်ကာအသစ်နဲ့
စတင်ဖွင့်လှစ်လိုက်ပါပြီ... အဖေ
အဖေမြင်စမ်းစေချင်တယ်...
သိစေချင်တယ်အဖေရယ်...
ဟာ... ဘုရားခန်းက
အဖေဓါတ်ပုံမှာ
အဖေပြုံးကြည့်နေပါလား...
စိတ်ချပါအဖေ
သားတို့ရင်ထဲမှာ... အဖေရှိတယ်
အသွေးထဲမှာ... အဖေရှိတယ်
နောက်ဆုံး... သားရဲ့
ဝင်သက်ထွက်သက်တိုင်းမှာ
အဖေရှိနေတယ်... အဖေ

မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော နိုဘယ်ဆုရှင်မာသာထရီဆာ၏ ကဗျာ

ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း သင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။





သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။





သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။





လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။





သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။





သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။





သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။





လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။





နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။





ခွင့်လွှတ်ချင်းများနဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ။





{နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။}

“ငါ...ငါ..ဆိုတဲ့ စိတ်နဲ့ အငှား ခန္ဒာ”

“နေ့” ကုန်လို့“ ည ”ရောက်
“ည”ကုန်တော့“ နေ့” ရောက်
တစ်ရက် ပြီး တစ်ရက်
တစ်နေ့ ပြီးတစ်နေ့ အကူးမှာ
အသက်နဲ့ ခန္ဒာ မြဲ လျှက်
ငါ .. အသက် ရှိနေသေးတယ်....
***************************
ငါ့ ...အသားအရေတွေ
တစ်နေ့ ပုတ် မှာသိလည်း
ငါ...ငါ.....ဆိုတဲ့ စိတ်နဲ့
အလှတွေ ပြင် နေဆဲ ပဲ
***************************
ငွေ ကြေးဥစ္စာ ဓနတွေ
ကိုယ့် နောက် မပါမှာ သိလည်း
သမုဒ္ဒရာ ၀မ်း တစ်ထွာမို့
ငါ...ငါ....ဆို တဲ့စိတ်နဲ့
ကြိုးစား ရှာဖွေ နေဆဲပဲ
***************************
၁၅၀၀ ကိလေသာ ၅၂၈ မေတ္တာစစ်နဲ့
ဒီသံယောဇဉ်တွေ
တစ်နေ့ ခွဲ ရမှာသိလည်း
ငါ...ငါ....ဆိုတဲ့စိတ်နဲ့
တစ်ရစ် ပြီး တစ်ရစ် ...
ရစ်ပတ်နေဆဲပဲ
****************************
နေ့ စေ့ လို့ ကံကုန်
ငါ့ အသက်နဲ့ ခန္ဒာ
ကွဲသွားချိန် မှာတော့
ငါ...ငါ....ဆိုတဲ့ ငါ့နောက်ပါတာ
ငါ ပြု့ပြု့ ခဲ့ သမျှ
ကုသိုလ်..အကုသိုလ် များပါပဲလား

ကိုယ်ရေးကိုယ်တာ

သစ်ရွက်ကြွေသံတစ်ခုက
ငါ့နားထဲမှာဝုန်းခနဲ
မြည်ဟိန်းသွားရဲ့။





အချိန်မတန်သေးဘဲ
ငါ့တန်ဖိုးတွေကို
မင်းဘာကြောင့်များတိုက်ချပစ်လိုက်ပါလိမ့်။





ဘယ်သူမပြု
မိမိမှုတဲ့ .. ။





လကွယ်သီချင်းတစ်ပုဒ်က
ညထဲကိုဗီဇပြပြီး
ရက်ရက်စက်စက်လွင့်ပျံ့လာတယ်။





ငါ့ရင်ထဲက
အဖြူရောင်စည်းကမ်းတွေအားလုံး
ချိတ်ပိတ်ထားလိုက်ပြီ။
ငါဟာရိုင်းစိုင်းရမ်းကားဖို့
အမြဲအဆင်သင့်ရှိနေသူဆိုတာ
မင်းသိစေရမယ်။





ဘာသဘောလဲ
လှည့်မကြည့်နဲ့
အပျော်ကြေးဆိုပေမယ့်
အန္တရာယ်ရှိတယ်။





နောက်ဆုံးတော့လည်း
ပတ်သက်မိခဲ့သမျှတွေကို
ရယ်မောလွှင့်ပစ်လိုက်ရုံပေါ့။





ငါမပြောချင်ဘူး
မင်းမသိနိုင်ဘူး
အစွန်းမရောက်ရင်
အဲဒါဘယ်တော့မှ အချစ်မဟုတ်နိုင်ဘူး ။ ။

ခေါက်မကြည့်နဲ့.....။

နေပါစေ
ဖြေသိမ့်ရင်း
ငါ့ဘ၀ကို
လှေကားထစ်လိုခင်းကျင်း
ခပ်ရဲရဲ နင်းလိုက်စမ်းပါကွာ...။
မင်းတက်ချင်တဲ့ အမြင့်လောက်တော့
ငါ...မတင်စွမ်းပါတယ်။
ဒါပေမယ့်
ဂလိုင်ပေါက်ဖြစ်နေတဲ့
ငါ့ရင်ကိုတော့
ခေါက်မကြည့်ကြေးပေါ့...။





ကမ်းနားသစ်ပင်

ဒီမှာ
ကမ်းနားသစ်ပင်ဆိုတာ
အမြစ်မကျွတ်ခင် အရာဝင်တာပါ





သစ္စာမဲ့သူအတွက် သစ္စာဖောက်သူတွေဟာ
သူ့ဝမ်း သူကျောင်းပြီး
သူ့လမ်း သူသွားတယ်ဆိုပေမယ့်
တစ်မိုးအောက်ထဲမှာဆိုတော့
မတွေ့ချင်ပေမယ့် မြင်နေရတတ်တယ်
မြင်တဲ့အခါ ကျောခိုင်းလိုက်ပါ
နောက်ပြီး "ငယ်စားရင်း" ဖျက်လိုက်ပါ
ဒါဟာ...တရားမျှတတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်...။
ကဗျာဆရာ မောင်စိမ်းနီ
(သူငယ်ချင်းသို့ ချစ်ခြင်းများစွာ ကဗျာမှ)

အငွေ့ပျံသွားသော "...."

......................................................................................................................................................
လွမ်းမယ်ထင်လား ...
ကျိန်စာတွေပြည့်နှက်နေတဲ့
ဟောဒီ ရင်ဘတ်ထဲမှာ
အတိတ်ဆိုတာ သင်ခန်းစာ..။





ဘ၀ကို မျှားချိတ်ပြီး
နှလုံးသားကိုမှ ကျုံးသွင်းရက်သူရေ...
ပင်လယ်ဟာလည်း...
တစ်ခါတစ်ရံ လှိုင်းထန်တတ်တယ်...။





ပုံသေမရှိတဲ့ ဘ၀ရဲ့ကျားကွက်တွေထဲ
ချိနဲ့နေတဲ့ ငါ့ကို...
ဘယ်နှစ်ကြိမ်မြောက် ထိုးကြွေးဦးမှာလဲ..
သံသယတွေ ချေဖျက်ဖို့လေ....။





ကဲ..ကျောချင်းကပ်ထားခဲ့တဲ့
ချစ်ခြင်းတွေ....
အခုဆို ကွင်းပြင်ကျယ်ကြီးထဲမှာ
တစ်ရေးနိုးညတွေမှာတောင်
ဖမ်းဆုပ်မရနိုင်တော့ဘူး...။ ။


No comments:

Post a Comment

ဒီမှာ သူငယ်ချင်းတို့ရဲ့ ရင်ထဲကစကားလေးတွေပြောပြသွားခဲ့ပါ ကျေးဇူးတင်ပါတယ်..။