Monday 12 December 2011

ယဉ်ကျေးမှုဆိုင်ရာ

 မြတ်ဗုဒ္ဓ၏ တရားဦး (The First Discourse of The Buddha)
 

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။
သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကိုတွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား
ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
(၁)
ဇာတိပိဒုက္ခာ
အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.
(၂)
ဇရာပိဒုက္ခာ
အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.
(၃)
ဗျာဓိပိဒုက္ခာ
နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.
(၄)
မရဏမ္ပိဒုက္ခံ
သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.
(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော
မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.
(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.
(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ
လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.
ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား
(ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။
သစ္စာလေးပါးကို ရှင်းပြပါမယ်
(၁) ဒုက္ခသစ္စာ
The Noble True of suffering.
မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊
ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး
အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့
ခေါ်ပါတယ်။
(၂) သမုဒယသစ္စာ
The Noble True of the origin of suffering.
ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍
ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ
ဖြစ်တယ်။
(၃) နိရောဓသစ္စာ
The Noble True of the Cessation of suffering.
ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း
ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။
(၄) မဂ္ဂသစ္စာ
The Noble True of the Path leading to the Cessation of suffering.
သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ
နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -
Right view- ကောင်းစွာ သိမြင်ခြင်း၊
Right thought- ကောင်းစွာ ကြံစည်ခြင်း၊
Right speech- ကောင်းစွာ ပြောဆိုခြင်း၊
Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊
Right livelihood ကောင်းစွာ အသက်မွေးခြင်း၊
Right effort- ကောင်းစွာ အားထုတ်ခြင်း၊
Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း နှင့်
Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။
နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊
ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ
တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။
ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့
ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို
ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း
ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း
ဖြစ်တယ်။
သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက
လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့
ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု
ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊
တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့
နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့
ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ
ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက
ညွှန်ပြတော်မူခဲ့ပါတယ်။’
ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။
တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဥာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တ၀ါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ၀န်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တ၀ါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ၀န်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဥာဏဒဿန နှင့် စေတောဝိမုတ္တိ= ဥာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊
မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဥာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။
ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး
လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့
ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ၀ါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။
အရှင်ဝရသာမိ
(သီတဂူ ဗုဒ္ဓတက္ကသိုလ်-ရန်ကုန်)
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
 
ဝိပဿနာအစ မတွေ့တဲ့စိတ်က”
 
 “သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ”
“၀ိပဿနာ ရှုတော့ရှုတယ် ဘုရား . . . ဘာမှမတွေ့ဘူး။” ဒါနဲ့ ဆင်ခြေကိုင်တာပဲ။ ဒီစိတ်ကလေးက ကြည့်တော့ကြည့်တယ်။ ဘာမှတွေ့ဘူး။ ဒါဆိုရင် မတွေ့တဲ့ စိတ်ကိုပဲ ပြန်ကြည့်။ ဘာမှ မတွေ့တဲ့ စိတ်ကလေးက မတွေ့တာနဲ့ပဲ အနိစ္စရောက်သွားတာ။ မတွေ့တဲ့ စိတ်ကလေးကို ဉာဏ်နဲ့ နောက်က ကြည့်ပေးပါ။ မသိတဲ့ စိတ်ကလေး သက်တမ်းကုန်သွားတယ်။ သက်တမ်းကုန်သွားတာလေးကိုသာ သိအောင်ကြည့်။ သက်တမ်းကုန်သွားတာလေးက “အနိစ္စ”။ သက်တမ်းကုန်မှန်း သိလိုက်တာလေးက “မဂ္ဂ”။ ၀ိပဿနာ မရှုတတ်ဘူးဘုရား . . . ဆိုရင် မရှုတတ်တဲ့စိတ်ကိုရှု။
အောင်မာ . . . အတော်ဆန်းတဲ့ စကားပါလားလို့ ခင်များတို့က အောက်မေ့ချင် အောက်မေ့နေမယ်။ ဦးဝင်းတို့ ဦးဘအုံးတို့ ဆန်းသလား . . .တဲ့။ ရိုးရာပဲလား။ (ရိုးရာပါ ဘုရား။)

သို့သော် ခင်များတို့က ၀ိပဿနာ တွေ့ရက်နဲ့ ၀ိပဿနာ မရှာတတ်လို့ သင်ရတာပါ။ ရှုစရာအာရုံ ပေါ်လာရက်သားနဲ့ ခင်များတို့က မရှုတတ်ဘူး ပြောနေလို့။ ရှေ့သာ ရှာနေတယ်၊ ကိုယ်ရှာတာ ပျက်တာ မသိဘူး။ ၀ိပဿနာ ရှာပြီဆိုရင် ရှုစရာကို ရှာမတွေ့တဲ့စိတ် လာတတ်တယ်။ အဲဒီ လာတဲ့စိတ်ကို နောက်ဉာဏ်က ရှုပေး။ ရှုလိုက်တဲ့ အခါကျတော့ နောက်ဉာဏ်ဝင်လာရင်ပဲ သူ ရှိသေးလား။ (မရှိတော့ပါဘုရား။) မရှိတော့ “အနိစ္စ”။ မရှိတာကို သိတာက “မဂ္ဂ”။
ဒါ ဘာရှုတာတုန်း မေးတော့၊ ဘယ်စိတ်ရှုတာပါတုန်း မေးတော့မှ “သမောဟစိတ္တံ သမောဟစိတ္တန္တိ ပဇာနာတိ” အလုပ်ခိုင်းတာ ဆရာဘုန်းကြီးက။ သဘောပါကြပြီလား။ (မှန်ပါဘုရား။) ရှုလို့ ဘာမှမမြင်ဘူးဆိုတာ မောဟစိတ် ပေါ်နေတာ။ အဲဒီ မောဟစိတ်ကလေးကိုပဲ ဘုန်းကြီးတို့က တစ်ခါတည်း ၀ိပဿနာအာရုံ လုပ်ပစ်လိုက်တာ။ သူ ရှေ့ရှာလို့သာ မတွေ့တယ် သူသေတာ ကျုပ်တို့က တွေ့တယ်။ ရှင်းပြီလား။ (မှန်ပါ။)
ဘာ နုပဿနာ ဖြစ်သွားတုန်းမေးတော့ “စိတ္တာနုပဿနာ” ဖြစ်သွားတယ်၊ “ဓမ္မာနုပဿနာ” ဖြစ်သွားတယ် ဆိုတာပေါ့ဗျာ။ စိတ်ကလေး ချုပ်ပျက်သွားတာသိရင် “စိတ္တာနုပဿနာ”။ စိတ်ကလေး ဒုက္ခရောက်သွားတာသိရင် “ဓမ္မာနုပဿနာ”။ ကဲ အကုန်ပါမသွားဘူးလား။ (ပါပါတယ် ဘုရား။) ရှင်းကြရဲ့လား။ (ရှင်းပါတယ် ဘုရား)။ ၀ိပဿနာ ရှုတတ်ပြီလား။ (ရှုတတ်ပါပြီ ဘုရား။)
ခင်းများတို့ ဆေးတွေ့ရက်သားနဲ့ မစားတတ်လို့ ခက်သွားတာကိုး။ ဆေးတွေ့ရက်သားနဲ့ မစားတတ်လို့ ခက်သွားတာ ဆိုတော့ . . . မင်းတုန်းမင်းကြီး လက်ထက်က။ ရာဇ၀င်တွေဘာတွေ ဖတ်ဖူးတဲ့သူဆိုရင် သမားတော် ဆရာပိုဆိုတာ ကြားဖူးမှာပေါ့။ ဆရာပို ဆိုတာက အမရပူရက။ နန်းတော်သွားတော့ လူတစ်ယောက် သခွားသီးတောင်းနဲ့ ဇရပ်ပေါ် ထိုးအိပ်နေတာတွေ့ . . .။ ဆရာပိုက တပည့်တွေနဲ့လာ။ ဟ ဟိုလူ ကြည့်ကြပါအုံးကွ ဘာများ ဖြစ်နေတုန်း။ ထိုးအိပ်နေရှာတယ်။ သူ့ကြည့်ရတာလည်း မသက်သာဘူး ထင်တယ်။ သွားမေးစမ်း တပည့်တွေဆို သွားမေးတော့ ဒကာဒကာမတို့ . . . လေနာထတယ်လို့ ပြောလိုက်တယ်။ အော် . . . မသိတော့ သိပ်ခက်တာပဲဟေ့ . . . ဆိုပြီးသကာလ သူထမ်းလာတဲ့သခွားသီး ကျွေးလိုက်စမ်းပါကွာ ခွဲပြီးတော့။ လေအားနည်းလို့ နာနေတာ သခွားသီးက လေ ဖြည့်ပေးလိုက်တော့ သူ ခဏလေးပဲ လေနာပျောက်ပြီး သူ့အထမ်းသူ ထမ်းသွားတာပဲ။
သဘောကျပြီလား။ (မှန်ပါ့။) ဘာဖြစ်လို့တုန်း။ ဒီမှာ ဆေးပါရက်သားနဲ့ မသောက်မိဘူး။ ဒါကြောင့် သူ လေနာခံရရှာတာ။ ဆေးတွေတော့ သူထမ်းလာတာပဲ။ အင်း . . . သူထမ်းပြီး သူပဲ လေနာထနေတယ်။ ဒီ့ပြင်ဆေး ရှာရအုံးတော့မလို ကျမနေဘူးလား မသိတဲ့လူအတွက်က။ (ကျပါတယ်ဘုရား။)
အဲ . . . ခင်းများတို့ ရှုတော့ ရှုတယ်ဘုရား . . . ဘာမှ မတွေ့ဘူး ဆိုလို့ရှိရင်ဖြင့် အဲဒီ ဘာမှ မတွေ့တဲ့ဥစ္စာဟာ ခင်များတို့၏ နိဗ္ဗာန်ရောက်တဲ့ ဆေးပဲ။ မတွေ့တဲ့ စိတ်ကလေးကို ဉာဏ်နဲ့ ရှုလိုက်တော့ မတွေ့တဲ့စိတ်က “အနိစ္စ”။ ရှုတာက “မဂ္ဂ”။ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား။) အဲဒီတော့ ခင်များတို့သည် . . . “၀ိပဿနာအစ မတွေ့တဲ့စိတ်က”သာ မှတ်ပေတော့ . . .။
သမီး ဒီကောင့်ကိုမယူနဲ့
သူငယ်ချင်းတို့ရေ... မင်္ဂလာပါနော်... ကျနော်ကတော့ အခုအချိန်ကစပြီး မဟုတ်တာတွေပြောပါတော့မယ်........
ကျနော်တို့ရွာမှာ ဦးပွါးနဲ့ ဒေါ်လွန်းဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ်လေ သူတို့မှာက သမီးတွေချည်းပဲ(၇)ယောက်
ထွန်းကားတယ်ဗျ၊ သမီးတွေအားလုံးက အရွယ်ရောက်ပြီး သူ့အိမ်ထောင်နဲ့သူဖြစ်နေကြပါပြီ၊ အဲ..... မဟုတ်ဖူး အငယ်ဆုံးလေး
တစ်ယောက်ကျန်သေးတယ် သူလည်းအရွယ်ရောက်ပြီ အိမ်ထောင်ပြုခါနီးမှ သူ့မိဘတွေက သဘောမတူလို့ မယူဖြစ်တာဗျ၊
သူ့မိဘတွေကဘာလို့သဘောမတူတာလဲဆိုတော့ ပြောပြမယ်နော်.....
ဥင်္ီးပုတို့ရဲ့သမီးတွေ အသီးသီးအိမ်ထောင်ကျကြတယ်..... ပထမဆုံးတစ်ယောက်က ထန်းတစ်ပင်ရွာသားနဲ့ အိမ်ထောင်ကျတယ် ကလေး တစ်ယောက်မွေးတယ်၊ ဒုတိယသမီးက ညောင်နှစ်ပင်ရွာသားနဲ့ အိမ်ထောင်ကျတယ် ကလေးနှစ်ယောက်မွေးတယ်၊ တတိယသမီးက သုံးခွမြို့သားနဲ့ အိမ်ထောင်ကျတယ် ကလေး သုံးယောက်မွေးတယ်၊ စတုတ္ထသမီးကျတော့ လေးမျက်နှာမြို့သားနဲ့ အိမ်ထောင်ကျတယ် ကလေး လေးယောက်မွေးတယ်၊ ပဉ္စမသမီးက ရွှေဘိုမြို့(ငါးမည်ရ)သားနဲ့ အိမ်ထောင်ကျတယ် ကလေး ငါးယောက်မွေးတယ်၊ ဆဌမသမီးက ချောက်မြို့သားနဲ့ အိမ်ထောက်ကျတယ် ကလေး ခြောက်ယောက်မွေးတယ်၊ အင်း... ဒီလိုနဲ့ နောက်ဆုံးတစ်ယောက်ကျတော့ သူ့မိဘတွေကို တိုင်ပင်တယ် သမီးအိမ်ထောင်ပြုတော့မယ်ပေါ့၊ ဒီတော့ မိဘတွေဖြစ်တဲ့ ဦးပွါးနဲ့ ဒေါ်လွန်းတို့ကလည်း အေး.... ဒါဆိုရင် သမီးယူမယ့်ကောင်လေးကို တွေ့ချင်တယ်ဆိုတော့ အငယ်မလေးက ခေါ်လာတယ်လေ သူ့ကောင်လေးကို အိမ်ရောက်တော့ ဦးပွါးနဲ့ ဒေါ်လွန်းတို့ကမေးတာပေါ့ အစုံပါပဲ ဒါပေမယ့် နောက်ဆုံးမေးခွန်းတစ်ခုကို ကောင်လေးကဖြေလိုက်တဲ့အချိန်မှာ စာမေးပွဲကျသွားတယ်လေ၊ ဘာမေးခွန်းလဲ ပြောမြမယ်.... ဦးပွါးကမေးတယ် မင်းက ဘယ်မှာနေတာလဲဆိုတော့...... ကောင်လေးကဖြေတယ်လေ ကျနော်က သုံးဆယ်မြို့မှာနေပါတယ်တဲ့၊ အဲ့ဒီမှာတင် ဦးပွါးဟာ ချက်ချင်းအမူအယာပျက်သွားကာ သမီး သမီး ဒီကောင့်ကိုမယူနဲ့ လို့ပြောပြီး ကောင်လေးကိုလည်း အိမ်ကနေ မောင်းထုတ်ပါသတဲ့ဗျာ။
သူငယ်ချင်းတို့ရေ.... ဦးပွါးက ကောင်လေးကို ဘာကြောင့်သဘောမတူတာလဲဆိုတာ ၀ိုင်းကူစဉ်းစားပေးကြပါနော်
*^^^:)နားလည်မှု နှင့်စာနာခြင်းအတွက်:>>>>
ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။
အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့
စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။
ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့
တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ
ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။
အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့
အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို
လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊
တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား
နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့
နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ
နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ
``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်
မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။
ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ
အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ
မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။
ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင်
လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။
အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို
တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို
မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။
**********စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။
စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။
ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု
ဖယောင်းတိုင်`` လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ အလင်းအား
ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ ပြန်ဖြစ်နိုင်တယ်။
``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တတရား၊ ကရုဏာတရား``တွေ
ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ ဖယောင်းတိုင်လေးသာ
မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊
သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း
ပျက်စီးသွားတော့မှာပါပဲ။
မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊
မောင်နှစ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့
တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့
လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့
ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ
သိပ်ကောင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ
ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့
သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ
ပျော်စရာပဲလို့ ခံစားမိမှာပါ။
*အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့
ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး
သာယာလာပါမယ်။* ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း
ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု``
အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။
စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ
မှည့်ခေါ်ချင်ပါသလဲ။
ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ`` ရဲ့ကြားမှာ
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ဆိုတဲ့ အလင်းရောင်ကလေးနဲ့ `` အချစ်တွေ၊
သံယောဇသံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး
ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
.........ဘယ်သူရေးလည်းမသိပေမယ့် ကျွန်တော်ဖတ်ခဲ့မိပြီး နှစ်သက်မိသောစာတစ်ပုဒ်................
http://belovedcrane.multiply.com/journal/item/110/110 မှ တဆင့်ဖော်ပြပေးခြင်းဖြစ်ပါသည်။မူရင်းရေးသားသူနှင့်
တဆင့်ဖော်ပြခွင့်ရရှိရန်ဆောင်ရွက်ပေးသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
ယဉ်ကျေးလိမ္မာဆိုင်ရာ ဗုဒ္ဓစာပေများ
 
 
http://ashinsirinda.com/index.php/2009-07-20-11-02-45/2010-08-21-22-56-43 မှ ကူးယူဖေါ်ပြပါ၏။
# Article Title Author
1 “ထေရဝါဒ ဗုဒ္ဓဘာသာ” (အရှင်ဧသိက-ရေစကြို)မေတ္တာဥယျာဉ်
2 Novice and Monk Ordinations by sayadaw U Jotalankaraမေတ္တာဥယျာဉ်
3 သပြေကန်ပရိတ်ကြီးနိဿယသစ်(သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ)မေတ္တာဥယျာဉ်
4 သပြေကန်ပရိတ်ကြီးနိဿယသစ် မေတ္တာဥယျာဉ်
5 “သပြေကန်တရားပေါင်းချုပ်-၂”မေတ္တာဥယျာဉ်
6 “မိတ်ကောင်း ဆွေကောင်း” ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ မေတ္တာဥယျာဉ်
7 “သူတော်ကောင်းတို့၏ စိတ်နေသဘောထား” ဒေါက်တာနန္ဒမာလာဘိဝံသ မေတ္တာဥယျာဉ်
8 “ဘဝအမြင်ကို ဓမ္မအမြင်ဖြင့်ရှုကြည့်ခြင်း”ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ မေတ္တာဥယျာဉ်
9 “ဘဝခရီးဝယ်ရွေးချယ်ရမဲ့လမ်း” ဒေါက်တာနန္ဒမာလာဘိဝံသ မေတ္တာဥယျာဉ်
10 “တောင်ပို့ထဲကရတနာ” ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ မေတ္တာဥယျာဉ်
11 “ဘဝအရေး စိတ်အေးရလေအောင်” ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ မေတ္တာဥယျာဉ်
12 “မေတ္တာနှလုံး အစဉ်သုံး” ဒေါက်တာနန္ဒမာလာဘိဝံသ မေတ္တာဥယျာဉ်
13 “ဗုဒ္ဓဘာသာကောင်းတစ်ယောက်”မေတ္တာဥယျာဉ်
14 “ဆရာတော်ကြီးများရဲ့ သြဝါဒကထာ”မေတ္တာဥယျာဉ်
15 တက္ကသိုလ်ဓမ္မသဘင်(ချမ်းမြေ့ဆရာတော်)မေတ္တာဥယျာဉ်
16 ဗန်းမော်ဆရာတော် ဒေါက်တာ အရှင်ကုမာရာဘိဝံသ၏ ပတ္တမြားရတု နှင့် ဂုဏပူဇာ သမိုင်းဝင်မှတ်တမ်း မေတ္တာဥယျာဉ်
17 ဘဝလမ်းညွန်လက်ဆောင်မွန် မေတ္တာဥယျာဉ်
18 မထေရ်မြတ်တို့စကားဝိုင်း(၁)မေတ္တာဥယျာဉ်
19 သီရီမင်္ဂလာစာဆောင် မေတ္တာဥယျာဉ်
20 “အမေ”မေတ္တာဥယျာဉ်
21 “ဓမ္မပဒ” ဦးရွှေအောင် မေတ္တာဥယျာဉ်
22 ကုသိုလ် နှင့် အကုသိုလ် မေတ္တာဥယျာဉ်
23 ဗုဒ္ဓ(သို့မဟုတ်)အနှိုင်းမဲ့ မေတ္တာဥယျာဉ်
24 နိဗ္ဓာန်ပို့မည့်တရားတော်များ မေတ္တာဥယျာဉ်
25 မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)မေတ္တာဥယျာဉ်
26 မြန်မာ့စာပေတိုက်ပွဲ(မေမြို့-မိုးကြည်)မေတ္တာဥယျာဉ်
27 မေတ္တာသုတ် ဥိးသုခ မေတ္တာဥယျာဉ်
28 မိလိန္ဒပဥှာ မေတ္တာဥယျာဉ်
29 “သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်”မေတ္တာဥယျာဉ်
30 “စိတ်ကောင်းထားက မိတ်ကောင်းရ”မေတ္တာဥယျာဉ်
31 “မီးသတိပြု”မေတ္တာဥယျာဉ်
32 “လယ်တီမဟာသရဏဂုံတော်ကြီး“မေတ္တာဥယျာဉ်
33 “ချမ်းမြေ့ရိပ်သာဆရာတော်၏ အတ္ထုပ္ပတ္တိ”မေတ္တာဥယျာဉ်
34 “လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ ၃-၄”မေတ္တာဥယျာဉ်
35 “လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ ၁-၂”မေတ္တာဥယျာဉ်
36 “မိဘမေတ္တာရသစာစုများ”မေတ္တာဥယျာဉ်
37 “လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်”မေတ္တာဥယျာဉ်
38 “သတိရှိဖို့ သတိထားကြစို့”မေတ္တာဥယျာဉ်
39 “ လူတိုင်းသိစေချင်ပါသည်”မေတ္တာဥယျာဉ်
40 “ဗုဒ္ဓဘာသာလက်စွဲကျမ်း-1”မေတ္တာဥယျာဉ်
41 “ မဟာဂန္ဓာရုံ- နံနက်ခင်းသြ၀ါဒများ”မေတ္တာဥယျာဉ်
42 “ဗုဒ္ဓဘာသာလက်စွဲကျမ်း-ပ-ဒု ”မေတ္တာဥယျာဉ်
43 “ဘာသာသွေး”မေတ္တာဥယျာဉ်
44 “ ရတနာ့ဂုဏ်ရည်”မေတ္တာဥယျာဉ်
45 ကိုယ်ကျင့်အဘိဓမ္မာ မေတ္တာဥယျာဉ်
46 “ ဘ၀လမ်းညွှန်လက်ဆောင်မွန်”မေတ္တာဥယျာဉ်
47 ဘ၀အတန်တန် ကံအထွေထွေ မေတ္တာဥယျာဉ်
48 ချမ်းမြေ့ လူငယ်သင် အခြေပျိုး ဗုဒ္ဓဘာသာ မေတ္တာဥယျာဉ်
49 ပိုင်းလော့ဆရာတော်၏ ခင်ပွန်းကြီး(၁၀)ပါး ကန်တော့ခန်းစသည် မေတ္တာဥယျာဉ်
50 ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ လိုက်နာဘွယ်ရာများ မေတ္တာဥယျာဉ်
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
 
အဘိဓာန်ထဲမှာ မတွေ့ရသေးတဲ့ မြန်မာစကားလုံးသစ်လေးတွေ
 
အမြဲမှန်ကန်နေတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အသုံးတွင်နေဆဲ ဘာသာစကားတစ်ခုအတွင်းမှာ ဝေါဟာရစကားလုံးသစ်လေးတွေ လူတွေကြားထဲမှာ အသစ်အသစ်တွေ ပေါ်ပေါက်ဖန်တီး တိုးပွားနေတဲ့အချက်ပေါ့။
ဒါတွေကို သတိထားမိတဲ့ ဘာသာစကားပညာရှင်တွေဟာ နေ့စဉ်နဲ့အမျှ မရေတွက်နိုင်အောင် ပေါ်ပေါက်နေတဲ့ စကားလုံးသစ်လေးတွေကို စုဆောင်းပြီး စကားလုံးအနက်ဖွင့်ကျမ်းတို့ အဘိဓာန်တို့ စတဲ့ကျမ်းတွေအဖြစ် ခေတ်အဆက်ဆက်က ပြုစုခဲ့ကြလို့ ကိုယ်အသုံးပြုနေတဲ့ ဘာသာစကားတစ်ခုရဲ့ တိုးတက်မှု၊ တိမ်မြုပ်သွားမှု၊ အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာမှု စတာတွေကို သိရှိလေ့လာ မှတ်သားနိုင်ကြရတာပါ။

အင်္ဂလိပ်ဘာသာစကားတွေမှာဆိုရင် The Oxford Essential Dictionary of New Words တို့ ' The New Oxford American Dictionary, Contemporary American English Words စတာတွေကို ဆယ်စုနှစ်တစ်ခါလောက် ပေါ်ထွက်နေတာကို တွေ့ကြရပါတယ်။ နေ့စဉ်နဲ့အမျှ တိုးပွားနေတဲ့ စကားလုံး သစ်တွေကို ဆယ်စုနှစ်တစ်ကြိမ် ပုံမှန်စုဆောင်းပြုစုလေ့ရှိတဲ့ ဘာသာစကားပညာရှင် Erin McKean ရဲ့ ၂၀၀၃ထုတ် Essential Dictionary of New Words ဆိုတဲ့ အဘိဓာန်ထဲမှာဆိုရင် ဒီနေ့ခေတ်ရဲ့ ပုံရိပ်တွေဖြစ်တဲ့...
  • ADSL[ asymmetric digital subscriber line ] တို့
  • advergame[ a downloadable or Internet-based computer game that advertises a brand-name product by featuring it as part of the game ] တို့
  • blog [ noun: a weblog, verb: add new material to or regularly update a weblog-Derivatives; blogger ]တို့
  • Bluetooth [ trademark a standard for the short-range wireless interconnection of cell phones, computers and other electronic devices ] တို့
  • GAPA [ ground-to-air pilotless aircraft ] တို့
  • Google [ verb, noun: informal use an Internet search engine, particularly google.com: search for the name of someone on the Internet to find out information about them ] စတာတွေကို အဘိဓာန်အသုံးပြုသူတွေအတွက် စတင်အနက်ဖွင့် မှတ်တမ်းတင်လာကြတာကို တွေ့ကြရပါပြီ။
ဒီစကားလုံးတွေကို ဒီ့အရင်ပေါ်ခဲ့တဲ့ အဘိဓာန်ကျမ်းတွေထဲမှာ ရှာဖွေလို့ တွေ့ရှိဦးမှာ မဟုတ်ပါဘူး။ အခုဆိုရင် ဒီစကားလုံးတွေဟာ နည်းနည်းဟောင်းသွားပြီး facebook, facebookier or facebooker, wikileak, youtube စတာတွေတောင် တိုးပွားလို့ လာနေပါပြီ။ ဒါကြောင့် ဘာသာစကားတစ်ခုထဲမှာ အသစ်ဝင်ရောက်လာတဲ့ ဝေါဟာရအသစ်တွေ အတော်များများကိုကြည့်ရင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ စကားလုံးတွေက အားအသာဆုံးဖြစ်တာကိုလည်း တွေ့ရှိသတိထားမိစရာဖြစ်ပါတယ်။ နောက်ပြီး ဒီစကားလုံးအမျိုးအစားတွေကိုကြည့်ရင် ဗန်းစကားအမျိုးအစားလည်းမဟုတ်၊ ဒေသိယစကားအဖြစ်လည်း သတ်မှတ်လို့မရ၊ နေ့စဉ်အရပ်သုံးစကားလည်း မဟုတ်ပြန်၊ ပညာရပ်ဆိုင်ရာဝေါဟာရစစ်စစ်တွေလည်း မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဒါတွေကို ပညာရှင်တွေ သာမန်အရပ်သူအရပ်သားတွေ ကျောင်းသူကျောင်းသားတွေ သတင်းသမားတွေဟာ နေ့စဉ်နဲ့အမျှ အသုံးပြုနေကြပါပြီ။
စကားလုံးအဆင့်အဖြစ်လည်း သတ်မှတ်လို့ရနိုင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ဝေါဟာရတွေကလည်း ဖြစ်နေပြန်တော့ အဘိဓာန်တည်ပုဒ်အဖြစ် ထည့်သွင်းပြီး အနက်ဖွင့်ပြရမယ့် အခြေအနေဖြစ်လာတာကို ဘာသာစကားပညာရှင်တွေက ရိပ်မိသိရှိလာကြပြီး အခုလိုထည့်သွင်း ပြုစုလာကြတာ ဖြစ်ပါတယ်။
မြန်မာဘာသာစကားထဲမှာလည်း စာရေးသူသတိထားမိပြီး မြန်မာအဘိဓာန်တွေထဲမှာ မတွေ့ရသေးတဲ့ စကားလုံးသစ်လေးတွေ အတော်များများ ရှိနေတာကို တွေ့နေရပါတယ်။ မြန်မာစကားကလည်း ဒီနေ့အထိကို living language ဖြစ်နေသေးတာဆိုတော့ ဒါက သဘာဝကျပါတယ်။ တချို့စကားလုံးလေးတွေဆို မြန်မာဆန်ပြီး ချစ်စရာကောင်း အနက်အားကောင်းပြီး လှပတဲ့ စကားလေးတွေအဖြစ် တွေ့ကြရပါတယ်။ အများအားဖြင့် ဒီစကားလုံးအသစ်လေးတွေဟာ ဒီနေ့ခေတ်ရဲ့ ခေတ်ကြေးမုံကို အမှန်တကယ် ထင်ဟပ်ဖော်ပြနေတဲ့ ဝေါဟာရလေးတွေပေါ့။ ဒါလေးတွေကို မတင်ပြမီ ဘာသာစကားတစ်ခုအတွင်းမှာရှိတဲ့ ဝေါဟာရအသစ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲရတဲ့ အချက်လေးချက်ကို အရင်တင်ပြလိုပါတယ်။ အဲဒါကတော့....
၁. Language contact ဆိုတဲ့ ဘာသာစကားချင်းထိတွေ့မှုကြောင့်
၂. Need for words to express ဆိုတဲ့ အတွေးခေါ်သစ်တွေကို ဖော်ပြဖို့အတွက် စကားလုံးတွေလိုအပ်လာလို့
၃. Need for social prestige ဆိုတဲ့ လူမှုရေး ဂုဏ်သိက္ခာလိုအပ်ချက်ကြောင့်
၎. Need for words to something secret ဆိုတဲ့ အုပ်စုတစ်စု၊ အသိုင်းအဝိုင်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွင်း အချင်းချင်းလျှို့ဝှက်ပြောဆိုဖို့ စကားလုံးလိုအပ်လာလို့ ..... စတာတွေကြောင့် ဖြစ်ပါတယ်။
မြန်မာတွေရဲ့ စကားလုံးအသစ်ဖန်တီးပုံ နည်းစနစ်ကလည်း စိတ်ဝင်စားစရာတစ်ခုပါ။ မြန်မာတွေဟာ နယ်ပယ်သစ်၊ နည်းပညာသစ်တချို့က စကားလုံးတွေကို မိမိတို့ဘာသာစကားအတွင်း ဝေါဟာရအသစ်အဖြစ် သွတ်သွင်းကြတဲ့ အခါမှာ...
၁. စကားလုံးတချို့ကို မြန်မာစကားစစ်စစ်တွေနဲ့ အစားထိုးပြီး ဘာသာပြန်မွေးစား သုံးစွဲကြပါတယ်။
၂. တခါတရံ ယူငင်သုံးစွဲတဲ့ မူရင်းဘာသာစကားက အသံထွက်အတိုင်း ချေးငှားသုံးစွဲထားတဲ့ ဝေါဟာရတွေ လည်း ရှိပါတယ်။
၃. တခါတရံ မြန်မာစကားနဲ့ ရောပြီး အသံဖလှယ်ခြင်း၊ ဘာသာပြန်ခြင်းပြုမနေတော့ဘဲ မူရင်းအတိုင်းသုံး တာတွေလည်း ရှိတာကိုတွေ့ရပါတယ်။
၎. တချို့ဝေါဟာရတွေကို အသံလှယ်ချေးငှားထားတဲ့ စကားလုံးနဲ့ မြန်မာဘာသာစကားထဲမှာ ရှိပြီးသား မြန်မာစကားစစ်စစ်နဲ့ တွဲပြီးသုံးတဲ့ ထူးကဲသုံး လေးတွေလည်း ရှိပါတယ်။ ဒီနေ့ခေတ်မှာ ကြားနေဖတ်နေကြရပြီး မြန်မာအဘိဓာန်ထဲမှာ ရှာလို့မတွေ့ နိုင်မယ့် စကားလုံးသစ်လေးတွေဟာ ဒီအချက်လေးချက်ထဲကနေ ပြေးမလွတ်တဲ့ အမျိုးအစားတွေဖြစ်နေတာကို တွေ့ကြရမှာပါ။
ဘာသာပြန်မွေးစားစကားသစ်လေးတွေ
ဘာသာပြန်တဲ့အခါမှာ Metaphrase ဆိုတဲ့ လုံးကောက်ဘာသာပြန်ခြင်း၊ Paraphrase ဆိုတဲ့ မူရင်းအဓိပ္ပါယ် စကားအသုံး အနှုန်းတွေကို ထပ်ချပ်မလိုက် လိုရင်းအနက်ထင်သလို ဘာသာပြန်ခြင်း၊ Imitation ဆိုတဲ့ မူရင်းက အထွေထွေအရိပ်အမြွက်လေးကို ယူပြီး ဘာသာပြန်ခြင်းရယ်လို့ သုံးမျိုးရှိတဲ့အထဲမှာ ဝေါဟာရသစ်တွေကို ဘာသာပြန်မွေးစားတဲ့အခါမှာတော့ လုံးကောက် ဘာသာပြန်နည်း Metaphrase ကိုပဲ သုံးတာတွေ့ရပါတယ်။ သာဓကအနေနဲ့ပြရရင်....
  • Workshop ကို အလုပ်ရုံဆွေးနွေးပွဲ
  • Office of Naval Research, ONR ကို ရေတပ်သုတေသနဌာန
  • Cartoon Animation Course ကို ကာတွန်းရုပ်ရှင်ဖန်တီးမှုသင်တန်း
  • Net work ကို ကွန်ရက်
  • Word processor ကို စာစီစာရိုက်
  • Straight hair ကို ဆံပင်ဖြောင့်
  • Facial foam or cleaner ကို မျက်နှာသစ်ဆပ်ပြာ
  • Sale clerk ကို အရောင်းစားရေး [Sale girl ကိုတော့ အရောင်းစာရေးမ ]
  • Street-cross vinyl ကို လမ်းဖြတ်ပိုစတာ/ လမ်းဖြတ်ဗီနိုင်း
  • Sea food ကို ပင်လယ်စာ
  • Water heater ကို ရေပူစက်
  • Show room ကို အရောင်းပြခန်း
  • Table cutout or cutter ကို စားပွဲတင်မီးဖြတ်စက်
  • Purified drinking water ကို ရေသန့်/သောက်ရေသန့်
  • Entrance Exam ကို ဝင်ခွင့်စာမေးပွဲ
  • Resolution ကို ရုပ်ထွက်ပြတ်သားမှု
စတဲ့ နောက်ဆုံးထုတ် မြန်မာအဘိဓာန်တစ်ခုဖြစ်တဲ့ ၁၉၉၉ခုနှစ်ထုတ် ခရီးဆောင်မြန်မာအဘိဓာန်ထဲမှာ မပါဝင်သေးတဲ့ စကားလုံးသစ်လေးတွေကို သုံးလာတာကို တွေ့နေကြားနေရပါတယ်။
အသံထွက်အတိုင်း ချေးငှားသုံးစွဲထားတဲ့ ဝေါဟာရသစ်လေးတွေ
အင်္ဂလိပ်စကားဟာ ကမ္ဘာ့သုံးစကားဖြစ်လာခဲ့ပြီးနောက် အင်္ဂလိပ်ဝေါဟာရတွေ မြန်မာစကားအတွင်းကို ကွန်ပျူတာလောက၊ စီးပွားရေးလောက၊ ပညာရေးလောက၊ နိုင်ငံရေးလောက စတဲ့ နယ်ပယ်အသီးသီးကတဆင့် နည်းအမျိုးမျိုးနဲ့ ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာတွေဟာ အတွေးခေါ်သစ် နည်းပညာသစ်တွေကို လက်ဆင့်ကမ်းဖြော်ပနိုင်ဖို့အတွက် အင်္ဂလိပ်ဝေါဟာရတချို့ကို အနက်တူတဲ့ မြန်မာစကားလုံးတွေနဲ့ ဘာသာပြန်မွေးစားအသုံးပြုကြသလို တခါတရံမှာ ဝေါဟာရတစ်ခုအတွက် သင့်တော်မယ့် မြန်မာစကားလုံးကို ချက်ချင်းရှာဖွေတီထွင်ခြင်း မပြုနိုင်ရင်ဖြစ်စေ၊ အဲဒီစကားလုံးဟာ မြန်မာ့အာ မြန်မာ့လျှာနဲ့ ပြောဆိုရကိုက်ညီလွယ်ကူရင်ဖြစ်စေ မူရင်းအသံထွက်အတိုင်း မြန်မာအက္ခရာတွေနဲ့ အသံဖလှယ်ပြီး ချေးငှားသုံးစွဲထားတဲ့ ဝေါဟာရသစ်လေးတွေလည်း အလိုအလျောက် တိုးပွားပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ သာဓကပြဆိုရရင်....
“အင်တာနက်၊ ဂရပ်ဖစ်ဒီဇိုင်း၊ ဗီနိုင်း၊ စင်တာ၊ ဒစ်ဂျစ်တယ်၊ စပွန်ဆာ၊ စီးကွင့်၊ ပရင့်တာ၊ စတေကာ၊ ဂျာနယ်လစ်၊ နက်ဂိမ်း၊ ဆီလီကွန်၊ အီးမေး၊ ဂျီအက်စ်အမ်၊ စီဒီအမ်အေ မိုဘိုင်း၊ ဗိုင်းရပ်စ်၊ လေဆာပရင့်တာ၊ အင်ဗာတာ၊ အီးစီဂျီ၊ ဆိုက်ဘာ” စတဲ့ စကားလုံးသစ်လေးတွေကိုလည်း တွေ့မြင်လာကြရပါပြီ။
ထူးကဲသုံးမြန်မာစကားသစ်လေးများ
မြန်မာစကားမှာ တခြားဘာသာစကားတစ်ခုခုက အသံထွက်အတိုင်း ယူငင်ပြီး အသံလှယ်ချေးငှားထားတဲ့ ဝေါဟာရတွေ ရှိသလို အဲဒီအသံလှယ်စကားလုံးနဲ့ လိုက်ဖက်ရာ မြန်မာစကားစစ်စစ်တွေနဲ့တွဲပြီးသုံးတာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာတာကို တွေ့ရပါတယ်။
“ပါလီမန် အတွင်းရေးမှူး၊ ကွန်ပျူတာ အရောင်းပြခန်း၊ ကွန်ဂရက် စာကြည့်တိုက်၊ အိုဇုန်း အလွှာ၊ လေဆာ ရောင်ခြည်၊ လေဆာရော်ဘာ တံဆိပ်တုံး၊ ဒစ်ဂျစ်တယ် ဓာတ်ပုံ၊ စကင် ဖတ်၊ စတို ကြီးကြပ်၊ ကောင်တာ စာရေး၊ ဆီလီကွန် ထည့်၊ ဆပွန်ဆာ ပေး၊ အီမို ဆံထုံး၊ စီးကွင့် ထိုး၊ အာအို စက်၊ ဂိမ်း ဆိုင်၊ ပရင့် ထုတ်၊ ဖိတ်စာ ကဒ်၊ ဆိုက်ဘာ ပန်းချီပွဲတော်၊ အိုင်တီ ကုမ္ပဏီ၊ အမျိုးသား အိုင်စီတီ ဆုပေးပွဲ၊ မြန်မာ အိုင်စီတီ ပြပွဲ၊ ကော်ပီ ကူး၊ မိခင် ကွန်ရက်” စတာလေးတွေကိုလည်း တွေ့ကြရပါတယ်။ ဒီထူးကဲ စကားလုံးသစ်လေးတွေကို ကြည့်ရင် မြန်မာစကားအတွင်းမှာ ဝေါဟာရအသုံး တိုးပွားလာတဲ့အပြင် အနက်အဓိပ္ပါယ်လည်း ကျယ်ပြန့်လာတယ်လို့ ဆိုရမှာပါ။ အခုဖော်ပြခဲ့တဲ့ မြန်မာဝေါဟာရလေးတွေဟာ နောက်ဆုံးထုတ်မြန်မာအဘိဓာန်တွေထဲမှာ မပါဝင်သေးတဲ့ စကားလုံးသစ်လေးတွေပါ။ ဒီစကားလုံးသစ် လေးတွေဟာ အနက်အဓိပ္ပါယ်ပြည့်ဝစွာရှိနေပြီး သဒ္ဒါအမျိုးအစားကိုလည်း ခွဲခြားသတ်မှတ်လို့ရတဲ့ ဝေါဟာရတစ်လုံးရဲ့ဂုဏ် အပြည့်အဝရှိနေတာကိုလည်း တွေ့ကြရမှာပါ။ ဒါကြောင့် အခုလို စုဆောင်းလေ့လာပြီး ဆောင်းပါးအဖြစ် တတ်နိုင်သလောက် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

ဖြူဖြူဝင်း(မြန်မာစာ)
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
ကြာနီကန်ဆရာတော် ဟောကြားတော်မူသော တရားတော်များ
 
၁။ ပဌာန်းပါဠိတော်၊ ဓါရဏပရီတ်တော်


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
...................................................................................................................
 
 
 

ယင်းတို့ ကား


(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)
ကိုယ်လက္ခဏာ ၁၆ ရပ်
၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း
စိတ်လက္ခဏာ ၆ ရပ်
၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း
လည်ပင်းလက္ခဏာ ၁ ရပ်
၁။လည်ရေး ၃ ဆင့်ရှိခြင်း
အသံလက္ခဏာ ၃ရပ်
၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း
မျက်နှာလက္ခဏာ ၈ ရပ်
၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း
သွားလက္ခဏာ ၁ ရပ်
၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း
မျက်စေ့လက္ခဏာ ၄ ရပ်
၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း
ဆံပင်လက္ခဏာ ၃ ရပ်
၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း

ဆရာကြီး ဦးထွန်းလှ

အားလုံးကိုချစ်ခင်လေးစားလျှက်..
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
ရှေးရှေးတုန်းက မြန်မာများ
 
 
 လယ်တွင်း ကိုးခရိုင်

စပါးများစွာ ထွက်၍ ရှေးခေတ် မြန်မာရာဇဝင်၌ ထင်ရှားသော ခရိုင်နယ်များ၊ ပန်းလောင်းမြစ်၏ မှီရာ (၁) စောလှမြို့နယ်၊ (၂) ပင်လယ်နယ်၊ (၃) မြစ်သားနယ်၊ (၄) ပျဉ်းမနားနယ်တို့ဖြစ်၍၊ ဇော်ဂျီမြစ်၏ မှီရာ၊ (၅) မြောင်လှနယ်၊ (၆) မြင်းခုံတိုင်နယ်၊ (၇) မက္ခရာနယ်၊ (၈) ပနံနယ်၊ (၉) မြင်စိုင်းမြို့နယ် ခရိုင်တို့ ဖြစ်လေသည်။



ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်
မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ

(၁) သုနာပရန္တတိုင်း - ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း - စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊

(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊

(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။

ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။

ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊ဟံသာဝတီ(ပဲခူး) ၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။


http://wikimyanmar.co.cc/ မှ


ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)

အလောင်းဘုရား (၁၇၅၂ - ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်း လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။

http://wikimyanmar.co.cc/ မှ



ညောင်ရမ်းခေတ်(၁၅၉၆-၁၇၅၂)

နောက် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရန်ကြိုးပမ်းသော်လည်း ယခင်ကဲ့သို့ကြီးပွားစည်ပင်ခြင်းကို ပြန်မရောက်နိုင်တော့ပေ။ အယုဒ္ဓယမှ ထိုင်းတို့သည် ၁၅၉၃ တွင် တနင်္သာရီကို၎င်း ၊ ပေါ်တူဂီ ကြေးစားတို့ပါဝင်သည့် ရခိုင်တို့သည် ၁၅၉၉ တွင် ပဲခူးကို၎င်း ထိပါး တိုက်ခိုက်ခဲ့ကြသည်။ ပေါ်တူဂီ စစ်သား ဖိလစ်ဒီဘရစ်တို (ငဇင်ကာ ခေါ် ဇင်ကာကူ) သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် သန်လျင်ကို သိမ်းပိုက်ခဲ့ရာ ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ်သည့် အနောက်ဖက်လွန်မင်း (၁၆၀၅ - ၁၆၂၈) က ၁၆၁၁ ခုနှစ်တွင် တိုက်ခိုက် နှိမ်နှင်းခဲ့ရသည်။ ညောင်ရမ်းခေတ်နောက်ပိုင်းကာလများတွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဘုရင်များအရည်အသွေးနှိမ့်ပါးခြင်းတို့ကြောင့် ဇင်းမယ်ဒေသကို လက်လွတ်ဆုံးရှူံးရသလို၊ မဏိပူရမှ ကသည်းများ၏ ကျူးကျော်မှုကိုလည်း ခံရသည်။ နောက်ဆုံး မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှ ပုန်ကန်သည်ကို မနှိမ်နှင်းနိုင်တော့သည့် စစ်ရှူံးကာ ညောင်ရမ်းမင်းဆက်ပြတ်ပြီး ညောင်ရမ်းခေတ်လည်းကုန်ဆုံးသွားလေသည်။

http://wikimyanmar.co.cc မှ



တောင်ငူ -ဟံသာဝတီခေတ် (၁၃၅၁ - ၁၅၉၉)

တပင်ရွှေထီး (၁၃၅၁ - ၁၅၅၁)က တစ်စစီ ဖြစ်နေသော နိုင်ငံငယ်လေးများကို စုစည်း၍ တောင်ငူထီးနန်းကို စတင် တည်ထောင်ခဲ့သည်။ တပင်ရွှေထီးနောက် ထီးနန်းဆက်ခံသော ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အထက်မြန်မာပြည် ၊ မဏိပူရ ၊ ရှမ်း ၊ ချင်းမိုင် ၊ အယုဒ္ဓယ နှင့် လင်ဇင်း တို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ ၏ နယ်မြေ အများအပြားကို လက်အောက်သို့ ရောက်ရှိစေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီင်္းနောက် နန်းတက်သည့်သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသည့်အပြင် စစ်ကိုသာလိုလိုလားလားနှင့် မပြတ်တမ်း တိုက်သည့်အတွက် တောင်ငူဘုရင်ခံ ကိုးသိန်းသခင် မင်းရဲသီဟသူ (နတ်သျှင်နောင်၏ခမည်းတော်)မှ စတင် ပုန်ကန်ပြီးနောက် ဟံသာဝတီကိုသိမ်းယူကာ နန္ဒဘုရင်ကို တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ အချိန်တို အတွင်း ပြိုကွဲခဲ့ရသည်။

http://wikimyanmar.co.cc




အင်းဝခေတ်(၁၃၆၄-၁၅၂၇/၁၅၅၅)

ပုဂံခေတ်နောက်တွင် မြန်မာတို့၏ ရပ်တည်မှုကို ဆက်လက်တည်ထောင်ပေးသည့် အင်းဝခေတ်ကို သတိုးမင်းဖျားက စတင်တည်ထောင်သည်။ အင်းဝမြို့ကို တည်ဆောက်ကာ နန်းမြို့အဖြစ်စတင် အသုံးပြုသည့်အတွက် ထိုခေတ်ကို အင်းဝခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်အတွင်း အောက်အရပ်မှ မွန်တို့နှင့်ရင်ဆိုင်ကာ နာမည်ကျော် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်ခဲ့ကြသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်တရဖျား ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များနှင့် မြောက်ပိုင်းမှရှမ်းစော်ဘွားများ အင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ရှမ်းစော်ဘွား မိုးညှင်းစလုံ နှင့် သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။


ပုဂံခေတ် ပျက်သုဉ်းပြီး နောက် မြန်မာနိုင်ငံ

ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။ မြန်မာနိုင်ငံ အရှေ့ ဘက် တလွှား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေှ့ ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။

အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင် ရောက် တိုက်ခိုက်ခြင်း ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်းတို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက်အရှေ့ တောင်ပိုင်းဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြသည်။

ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသတဝိုက်တွင် အင်အားကြီးမားသည့် ယိုးဒယား နိုင်ငံအား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံးသမိုင်းဝင်အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။

တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့ လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံးညီညွှတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာ ဝ တီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက်ခိုက် လျက်ရှိသည်။

ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာမိမိတို့ သီးခြားကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။ ကျန် အချက်တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်းပင်ဖြစ်သည်။



ပုဂံခေတ်

အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။ အနော်ရထာ (၁၀၄၄ - ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သား လက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။


ပုဂံခေတ်မတိုင်မှီမြန်မာနိုင်ငံ

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။

တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ၄င်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည် ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေ ထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့်သမိုင်းဆရာ ဂေါ်ဒွင်လုစ် ၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက်ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေ စိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထို အချိန်ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက် ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည် ထောင်လေသည်။













ဘယ်ခေတ်က မှန်း ခန့်မှန်းလို့ မရတဲ့ ဘုရား ဆင်းတုတော်လေးပါ ဥာဏ်တော် တမိုက်ခန့် ပဲ ရှိပါတယ်ဗျာ






























။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
စခန်းသာဟော် ၊ မြသန်းတင့်။
 
ဆရာ မြသန်းတင့်၏ "လွမ်းမောဖွယ် ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဠ၀တီ၊ ရွှေလီ ရုပ်ပုံလွှာ" စာအုပ်ကို ရာပြည့်စာအုပ်တိုက်မှ ပထမအကြိမ်အဖြစ် ၂၀၀၁ စက်တင်ဘာလအတွင်း ထုတ်ဝေခဲ့ပါသည်။ ၁၈-၂-၁၉၉၈ ရက်နေ့ ဆရာမြသန်းတင့် ကွယ်လွန်ပြီး ၃ နှစ် အကျော်တွင်မှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

၁၉၈၀ ခုနှစ်က လားရှိုးမြို့မှ ဆရာဝန်ကြီး ကမ္ဘောဇ ခင်လှိုင်၏ စီစဉ်ဖိတ်ကြားမှုဖြင့် ဆရာမြသန်းတင့်၊ ဆရာအောင်သင်း၊ ဆရာချစ်ဦးညို နှင့် ဆရာကာတွန်းမြေဇာ တို့သည် ၂၀-၁၂-၁၉၈၀ နေ့မှ ၉-၁-၁၉၈၁ နေ့အထိ စာဆိုတော်ခရီးသည်များအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းအနှံ့ စာပေခရီး ထွက်ခဲ့ကြသည်။ ဆရာမြသန်းတင့်သည် ထိုခရီးစဉ်အတွေ့အကြုံများကို ရှုမ၀မဂ္ဂဇင်းတွင် ၁၉၈၁ ဖေဖော်ဝါရီမှ ၁၉၈၂ သြဂုတ်အထိ ဆောင်းပါများ ရေးသားခဲ့သည်။ (စာ ၂၀၉) ထိုဆောင်းပါးများနှင့် မိုးဝေမဂ္ဂဇင်းတွင် ၁၉၇၈ အောက်တိုဘာမှ ၁၉၇၈ ဒီဇင်ဘာအထိ ဖော်ပြခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်းခရီး ဆောင်းပါးကို စုစည်း၍ ရာပြည့်မှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။

ထိုစာအုပ်ထဲမှ စခန်းသာဟော်အကြောင်း ရေးထားသည့် ဆောင်းပါးတစ်ခန်းအား တိုက်ရိုက်ကူးယူ၍ တင်ပြထားခြင်းသာ ဖြစ်ပါသည်။ ဓါတ်ပုံများကို သုံးစွဲခွင့်ပြုခဲ့သည့် ကျောက်မဲမြို့မှ ကို Kong Mong အား အထူး ကျေးဇူးတင်ရှိပါသည်။ ဤဓါတ်ပုံများအားလုံး၏ မူပိုင်မှာ Kong Mong သာ ဖြစ်ပါသည်။

ကျွန်တော်သည် စခန်းသာဟော်၏ ၁၉၈၀-၈၁ခုနှစ် စာများထဲမှ အခြေအနေနှင့် ၂၀၁၀ခုနှစ် ဓါတ်ပုံများ ထဲမှ အခြေအနေများကို နှိုင်းယှဉ်ကာ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ အယူအဆများ အကြောင်း တွေးတောနေမိသည်။

ရှမ်းပြည်နယ်အကြောင်း ရေးသားထားကြသည့် စာအုပ်များထဲတွင် ကျွန်တော် ဖတ်ပြီး နှစ်သက်ခဲ့သည့် စာအုပ်အနည်းငယ်ရှိပါသည်။ မှတ်မိသမျှသာဖြစ်ပါသည်။ အခြားကောင်းမွန်သည့် စာအုပ်များလည်း များစွာရှိပါသည်။

၁။ သိန်းဖေမြင့် ၊ အရှေ့မြောက်တိုင်းတခွင်
(ချင်းတွင်းတိုက်မှ ထုတ်ဝေခြင်းဖြစ်မည်ဟု ထင်ပါသည်။)
၂။ ကျော်အောင် ၊ နေ၀င်ဘုရင်များ
ရာပြည့်စာအုပ်တိုက်၊ ၁၉၉၈ အမျိုးသား စာပေဆု (ဘာသာပြန်၊ သုတ)
(ဗြိတိသျှ စာရေးဆရာကြီး Maurice Collis ၏ Lords of the Sunset ကို ဘာသာပြန်ထားပါသည်။)
၃။ ဦးလှဒင် ၊ ဆာဂျော့စကော့ ၏ မြန်မာပြည်အတွေ့အကြုံများ
The Couple စာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၂၀၀၇ နိုဝင်ဘာလ ၊
Scott of The Shan Hills ၊ Edited by G.E.Mitton (Lady Scott)

စောသက်လင်း
* * * * * * * * * *




လွမ်းမောဖွယ် ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဠ၀တီ၊ ရွှေလီ ရုပ်ပုံလွှာ ၊ မြသန်းတင့် ။၂၀၀၁ စက်တင်ဘာ ။ ပထမအကြိမ် ထုတ်ဝေခြင်း။ ရာပြည့်စာအုပ်တိုက်။ စာမျက်နှာ ၇၄ - ၈၀။


စခန်းသာ ဟော်
မြသန်းတင့်

စာဆိုတော် ကော်မတီ၏ စီစဉ်ပေးချက်အရ ကျောက်မဲ ဆောက်လုပ်ရေးရိပ်သာမှာ တည်းခိုကြသည်။ မူလက အပေါ်ဘိုတဲဟု ခေါ်သည့် ဧည့်ရိပ်သာတွင် တည်းရန်ဖြစ်သော်လည်း၊ တခြား ဧည့်သည်တွေ ရောက်နေသဖြင့် ကျွန်တော်တို့ချည်း လွတ်လပ်စွာ နေနိုင်ရန် ဆောက်လုပ်ရေးရိပ်သာမှာ နေရာချပေးထားခြင်း ဖြစ်လေသည်။

ရိပ်သာတွင် ရေမိုးချိုး၊ ခဏနားပြီးနောက် ညနေပိုင်းတွင် ကျွန်တော်တို့ကို ကျောက်မဲမြို့ကို လိုက်ပြသည်။ ကျောက်မဲကား ရှမ်း၊ မြန်မာ၊ တရုတ်၊ ကုလား စသည်ဖြင့် လူမျိုးစုံသော မြို့ကြီးဖြစ်၏။ မြို့လယ်က တိုက်တာကြီးများကလည်း ကြီးမားခိုင်ခံ့ကြသည်။ အရောင်းအ၀ယ်လည်း ဖြစ်ထွန်းသဖြင့် ငွေကြေး ချောင်လည်သူများ ပေါများကြသည်။ အများအားဖြင့် လက်ဖက်စို၊ လက်ဖက်ခြောက် အရောင်းအ၀ယ် လုပ်သည့် ကုန်သည် ပွဲစားကြီးများ ဖြစ်လေသည်။
ကျောက်မဲမှာ သိန္နီတို့၊ သီပေါတို့လို မြို့ဟောင်း မဟုတ်ချေ။ မြို့သစ် တစ်မြို့ ဖြစ်လေသည်။ ၁၂၂၁ ခုလောက်က မြန်မာပြည်မဘက်မှ ကုန်သည်များသည် နွားဝန်တင်များ၊ လားဝန်တင်များဖြင့် တောတောင်များကို ကျော်ကာ ရှမ်းပြည်နယ်သို့ တက်လာခဲ့ကြသည်။ ထိုလမ်းမှာ လူသွားလမ်း ဖြစ်လေသည်။ ထိုလားဝန်တင်၊ နွားဝန်တင်များသည် ယခု ကျောက်မဲမြို့ တောင်ဘက် ဘုရားလေးဆူနှင့် ကျွဲကုန်းရွာကြားတွင် စခန်းချခဲ့ကြသည်။ ထိုဈေးကလေးတွင် ရှမ်းကုန်သည်နှင့် မြန်မာကုန်သည်တို့ ကုန်စည်ဖလှယ်ခြင်း ပြုကြသည်။

၁၂၆၀ ခုနှစ်လောက်အထိ ကျောက်မဲဟူသည့် အမည်သညာကို မရသေး။ ထိုစဉ်က "မဟိန်လမ်" ခေါ် ကျောက်တုံးမည်းများ တည်ရှိရာ တောင်ကုန်း၏ အရှေ့မြောက်ဘက်တွင် လုံတော၊ ကြိမ်တောကြီးများ ကို ခုတ်ထွင်ရှင်းလင်း တည်ထားသည့် လုံပိုင်ဆိုသည့် ရွာကလေးတစ်ရွာ ရှိသည်။ လူနေအိမ်ခြေ ၈၀ ခန့်မျှသာ ရှိသည့် ထိုရွာကလေးနှင့် နမ့်တုံမြို့ကြား ဈေးတည်ရန် နေရာရွေးကြသည့်အခါ ကျောက်တုံးအမည်းများရှိသည့် ကုန်းကလေးကို ရွေးကြသည်။ ထို့ကြောင့် ထိုနေရာကို "ကပ်မဟိန်လမ်" ဟု ရှမ်းတို့က ခေါ်ကြသည်။ ရှမ်းဘာသာဖြင့် ကပ် ဆိုသည်မှာ ဈေးဖြစ်၍၊ မဟိန် ဆိုသည်မှာ ကျောက်တုံးကို ခေါ်ခြင်းဖြစ်ပြီး၊ လမ် မှာ မည်းနက်သည်ဟု အဓိပ္ပါယ် ထွက်လေသည်။

ကျောက်မဲမြို့ဟူ၍ ဖြစ်လာသည်မှာ ၁၉၀၂ ခုနှစ်တွင်မှ ဖြစ်လေသည်။ ထိုနှစ်မေလ ၁၄ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၂၆၄ ခု ကဆုန်လဆန်း ၈ ရက် သောကြာနေ့ ၁၂ နာရီတွင် သီပေါ စော်ဘွားကြီး ဆာစောချယ်၊ လားရှိုး အရေးပိုင် မစ္စတာ သွန်တန်၊ ကျွဲကုန်းနယ်ပိုင်ကြီး ဦးခွန်ထွန်း၊ ကျောက်မဲကြီးရွာ နယ်ပိုင်ကြီး ဦးဆံမူးတို့ လာရောက်၍ မြို့ကို ပိန္နက်ရိုက်ပေးခဲ့သည်ဟု ဆိုလေသည်။ ထိုမြို့ပိုင်ကြီး နှစ်ဦးတို့က မြို့သစ်ကို သူ့အပိုင် ကိုယ့်အပိုင်တွင် တည်စေချင်ကြသဖြင့် အငြင်းပွားကြရာမှ နောက်ဆုံးတွင် ထိုမြို့နှစ်မြို့ကြား ဈေးသစ်နေရာကို ရွေးလိုက်ပြီး၊ ယခု ကျောက်မဲမြို့ကို တည်ခဲ့ခြင်း ဖြစ်သည်ဟု သိရလေသည်။ ထိုအချိန်မှစိ၍ နမ့်တုံမြို့ မြောက်ဘက်ရှိ ကပ်မဟိန်လမ်ခေါ် ကျောက်မဲဈေးကို အစွဲပြုကာ ကျောက်မဲမြို့ဟု ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်လေသည်။



အိမ်များ သပ်ရပ်ခြင်းနှင့် လမ်းများကျယ်၍ သန့်ရှင်းခြင်းမှာ ကျောက်မဲမြို့၏ ထူးခြားချက်ဖြစ်၏။ အိမ်ကြီး အိမ်ကောင်းတွေကလည်း အိမ်ကောင်းတွေအလျှောက် သပ်ရပ်ကြသည်။ ခြံစိုက်၍ နွားတင်းကုပ်တွေ ထားသည့် မြို့စွန်က ဆင်းရဲသားအိမ်ကလည်း သူ့အလျှောက် သပ်ရပ်သန့်ရှင်းသည်။ မြို့စွန်က အိမ်များမှာ သက်ငယ်မိုး၊ ထရံကာသည့် ရှမ်းအိမ်များ ဖြစ်သော်လည်း ၀င်းခြံကလေးတွေနှင့် ၊ ပန်းပွင့်တွေ ဝေဆာနေသော ပန်းပင်ကလေးတွေနှင့်၊ မြေတလင်းပြောင်ပြောင်ကလေးတွေနှင့် ဖြစ်သဖြင့် ငယ်ပင် ငယ်သော်လည်း မျက်စိ ပသာဒတွင် လှနေသည်။

လားရှိုး-သီပေါမှ ကားများ၊ နမ့်ဆန်မှ ကားများ၊ နမ္မတူမှ ကားများ၊ မိုင်းလုံနှင့် မိုင်းငေါ့ဘက်မှ ကားများ ဆင်းရာဖြစ်သဖြင့် ကျောက်မဲမြို့သည် လမ်းဆုံမြို့သဖွယ် ဖြစ်နေသည်။

မြို့ကို တစ်ပတ် လှည့်ကြည့်ပြီးနောက် ကျွန်တော်တို့သည် ပြည်လုံးချမ်းသာ စေတီကို သွားဖူးကြသည်။ ပြည်လုံးချမ်းသာစေတီမှာ လွယ်ခွန်တောင်ပေါ်တွင် တည်ထားလေသည်။ တောင်ကမူကို ကွေ့ပတ် ဖောက်ထားသည်။ ကားလမ်းရှိသဖြင့် ကားဖြင့် တိုက်ရိုက် ရင်ပြင်တော်အရောက် တက်နိုင်လေသည်။

ပြည်လုံးချမ်းသာ စေတီ ရင်ပြင်ထက်မှကြည့်လျှင် ကျောက်မဲတစ်မြို့လုံးကို စီး၍ မြင်ရသည်။ ကျောက်မဲမြို့ ပတ်ပတ်လည် တောင်ကုန်းများပေါ်တွင်လည်း ရွှေရောင် တပြောင်ပြောင်၊ မှန်ရောင် တပြောင်ပြောင်နှင့် စေတီများကို မြင်ရသည်။ ကျောက်မဲကား ချိုင့်ဝှမ်းထဲတွင် တည်ထားသည့်မြို့ ဖြစ်၏။ ဘေးပတ်ပတ်လည်တွင် တောင်ကမူတွေ ကာရံပြီး အလယ်က မြေပြန့်ကို အကွက်ရိုက် ဆောက်ထားသည်။ ဈေး၊ ဘူတာရုံ၊ ရုပ်ရှင်ရုံ စသည်တို့မှာ ချိုင့်ဝှမ်းထဲတွင်ရှိ၍ ဆေးရုံ၊ ဧည့်ရိပ်သာနှင့် တချို့ အိမ်သစ် တိုက်သစ်များမှာ ဘေးပတ်လည် တောင်စောင်းများတွင် နေရာယူထားကြသည်။ ယင်းတို့ကား မြို့မမှ တဖြည်းဖြည်း လျှံကျ ဖိတ်စဉ်လာသော ကွက်သစ်များ ဖြစ်လေသည်။

စေတီတော်ကို ဖူးမြော်ပြီးနောက် စေတီတော်ဘေး ကုန်းစောင်းရှိ တစ်ထပ် အုတ်ကျောင်းကလေးထဲသို့ ၀င်ကာ ဆရာတော်ကို ဖူးမြော်ကြပြန်သည်။

စာပေရေးသားခြင်းနှင့် ပတ်သက်သည့် ဆရာတော်၏ အမေးများကို အထိုက်အလျောက် ဖြေကြားပြီးနောက် ဆရာတော်ကို ၀တ်ဖြည့်ကာ ပြည်လုံးချမ်းသာစေတီ ရင်ပြင်တော်ပေါ်မှ ဆင်းလာခဲ့ကြသည်။

အချိန်ရသေးသဖြင့် ကျွန်တော်တို့သည် စခန်းသာသို့ ထွက်လာခဲ့ကြလေသည်။

ကျောက်မဲ - မန္တလေး မော်တော်ကားလမ်းအတိုင်း ဆင်းလာခဲ့၍ မိုင်အနည်းငယ်ရောက်လျှင် စခန်းသာ ရွာကလေးကို တွေ့ရသည်။ ရှမ်းအမျိုးသား တောင်သူများ၊ လယ်သမားများ၏ ရွာကလေးဖြစ်၏။ ထိုရွာကလေးကို လွန်ပြီး နာရီဝက်ခန့် မောင်းခဲ့ပြီးနောက် လမ်း၏ လက်ယာဘက်သို့ မျှော်ကြည့်လိုက်လျှင် အတွင်းဘက် နှစ်မိုင်သာသာခန့် အကွာ၌ ထင်းရှူးပင်အုပ်တွေနှင့် ကုန်းတန်းကလေး တစ်ခုကို မြင်ရသည်။

ကျွန်တော်တို့ ကားနှစ်စင်းသည် စခန်းသာရွာကို လွန်လျှင် လက်ယာဘက်သို့ဆင်းသော လှည်းလမ်းကလေးအတိုင်း ဆင်းလာခဲ့သည်။ လမ်းဘေးတွင် လယ်ကွင်းများ၊ နေကြာခင်းများ၊ ကြံခင်းများ၊ ငှက်ပျောခြံများ၊ အခြားစိုက်ခင်းများနှင့် ပေါင်းမြက်တို့ ဖုံးနေသော ကွင်းပြင်ကြီးကို မြင်ရသည်။ နေကြာခင်းထဲတွင် နေကြာပွင့်ဝါ၀ါတွေ ပွင့်နေကြသည်။ နေကြာပွင့်ရိုင်းများ မဟုတ်ပါ၊ ဆီထွက် နေကြာခင်းများ ဖြစ်ပါသည်။ တစ်ဝက်လောက်ရောက်လျှင် တံတားအသစ်ကလေး တစ်ခုကို တွေ့ရသည်။ တောသစ်တွေဖြင့် ဖြစ်သလို ခင်းထားသည့် သစ်သားတံတားကလေးဖြစ်၏။

"အရင်တုန်းက မော်တော်ကား သွားလို့မရဘူးဆရာ၊ လမ်းက ပစ်ထားတာ ကြာတော့ ပျက်သလောက် ဖြစ်သွားပြီ။ ခု ပြန်ပြင်ထားရတာ" ဟု ဦးသန်းအောင်က ပြောပြသည်။

မော်တော်ကားသည် ကြမ်းတမ်းသော မြေနီလမ်းကလေးအတိုင်း တောင်ကုန်းပေါ်သို့ ကွေ့ပတ် တက်လာခဲ့ပြီးနောက် တောင်ကုန်းထိပ်ရှိ အုတ်တံတိုင်းနိမ့်နိမ့် ကာထားသည့် ၀င်းကြီးတစ်ခုထဲသို့ ၀င်လိုက်လေသည်။

ကျွန်တော်တို့သည် ကားပေါ်မှဆင်းကာ တစ်ပိုင်းတစ်စ ပြိုပျက်နေသည့် ခေတ်မီ အဆောက်အအုံကြီးကို တအံ့တသြဖြင့် ငေးကြည့်မိကြသည်။

ထိုအဆောက်အအုံကား ကွယ်လွန်သူ သီပေါစော်ဘွားကြီး ဆာစောချယ်၏ နွေရာသီ ဟော်နန်းဖြစ်၍ "စခန်းသာဟော်" ဟု အမည်တွင်လေသတည်း။

တအံ့တသြဖြင့် ငေးကြည့်မိကြသည်ဟု ကျွန်တော် ပြောခဲ့ပါသည်။ အခြားကြောင့်မဟုတ်။ ဤမျှ ချောင်ကျ၍ ဤမျှ အထီးကျန်နိုင်လှသော တောခေါင်ခေါင် တောင်ကုန်းကြီးပေါ်တွင် ဤမျှ ခေတ်မီ၊ ဤမျှ ခမ်းနား၊ ဤမျှ လှပသော အဆောက်အအုံကြီးကို အထီးတည်း တွေ့ရသောကြောင့် ဖြစ်ပါသည်။

















































သီပေါစော်ဘွား၏ စခန်းသာဟော်မှာ တောင်စွယ်တစ်ခုပေါ်တွင် တည်ဆောက်ထားလေသည်။ တောင်စွယ်မျက်နှာပြင်သည် စည်မျက်နှာကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိ၏။ တစ်ခါတုန်းက မြကမ္ဗလာကို ဖြန့်ထားသည့်နှယ်ရှိသော မြက်ခင်းလဲ့လဲ့တို့ ရှိခဲ့ဟန်တူသော်လည်း ယခုမူပေါင်းမြက်တို့ တောထအောင် ဖုံးနေလေပြီ။ တောင်စွယ်ဆုံးသွားသည့်အခါ၌ ကမ်းပါးကို ဖြိုချကာ ကျောက်တုံးတွေ စီထားပြီး အောက်အဆင့်တွင် မြက်ခင်းပြင်တစ်ခု လုပ်ထားပြန်သည်။ အပေါ်မြက်ခင်းပြင်မှ အုတ်လှေကားအတိုင်း ဆင်းလာလျှင် အောက်မြက်ခင်းပြင်သို့ ရောက်သည်။ ထိုနေရာတွင် တစ်ခါက ဇော်မွှား၊ ဒေလီယာ၊ ဂန္ဓမာ၊ ကာနေးရှင်း စသည့် ပန်းပင်များ ရှိလိမ့်မည်ဟု ကျွန်တော် တွေးကြည့်ပါသည်။

တောင်စွယ်က မြက်ခင်းအလယ်တွင် ဆောက်ထားသည့် နွေရာသီ ဟော်နန်းမှာ အနောက်တိုင်းနှင့် အရှေ့တိုင်း အမျိုးသား ဗိသုကာလက်ရာကို ပေါင်းစပ်ထားသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ ကော့တစ်ခ်ျခေါ် တစ်ထပ်တိုက်ဖြစ်ပြီး၊ အလယ်ထိပ်တွင် ရောမခေတ်က ကော်လံများလို ကျောက်ဖြူ တိုင်လုံးကြီးတွေ ထူထားကာ၊ ထိပ်တွင် ဒေါင်းရုပ်ကြီးတစ်ရုပ်ကို ကျောက်ဆစ်၍ ပုံဖော်ထားသည်။ ကော့တစ်ခ်ျ ဘေးဘက်က တောင်ပံသဖွယ် ဖြန့်နေသည့် အဆောင် တစ်ဖက်တချက်ပေါ်တွင် ပြာသာဒ်များ တင်ထားသည်။ ပင်မကော့တစ်ခ်ျ နောက်ဘက် မျက်နှာစာ အ၀တွင်လည်း ရောမ ကော်လံလို ကျောက်ဖြူတိုင်ကြီးတွေ ထူထားပြီး၊ ထိပ်တွင် ယုန်ရုပ်ကို ကျောက်ဆစ်၍ ဖော်ထားလေသည်။

ကျွန်တော်တို့သည် ဟော်နန်းအလယ်ပေါက်မှရပ်ကာ ရှေ့တွင် မြင်ရသည့် ရှုခင်းကို မျှော်ကြည့်ကြသည်။ ရှုမျှော်ခင်းကြီး တစ်ခုလုံးကို မြင်ကွင်းကျယ် မြင်နိုင်သော နေရာပေတည်း။

တောင်စွယ်အောက်တွင် ကွင်းပြင်ကြီးက မျှော်မဆုံးနိုင်။ ကွင်းပြင်ကို လွန်လျှင် လားရှိုး-မန္တလေး ကားလမ်းကို ရေးရေးမြင်ရသည်။ ကားလမ်းကို လွန်လျှင် မျှော်မဆုံးနိုင်သော လယ်ကွင်းများ၊ တောင်ယာများ၊ လှေကားထစ် စိုက်ကွင်းများ၊ တောအုပ်များ၊ စမ်းချောင်းများ၊ မှိုင်းပြာသော တောင်တန်းများ။ ထို့နောက် မိုးကုပ်စက်ဝိုင်းကြီး။

"ခု နေကြာခင်းတွေ၊ စပါးတွေ စိုက်ထားတဲ့ ကွင်းကြီးက ဟိုတုန်းကတော့ မြင်းပြိုင်ကွင်းကြီး ဆရာ၊ နွေရာသီကျရင် စော်ဘွားကြီးက ဒီမှာပဲ နေတယ်။ ဒီ ဟော်ရှေ့ကနေပြီး မြင်းပွဲကို ကြည့်တာပဲ"

ဒေသခံများက ပြောပြကြသည်။

ကျွန်တော်တို့သည် ဟော်နန်းထဲသို့ ၀င်ခဲ့ကြ၏။ ဒေါင်းရုပ် ရုပ်ကြွတပ်ထားသည့် အလယ် ခန်းမ ဆောင်ကြီးကို ပထမ ၀င်ကြည့်ကြသည်။ ထိုအဆောင်မှာ အဖူးမြော်ခံရာ ညီလာခံ ခန်းမဟု သိရ၏။ အလယ် ခန်းမတွင် ဘာမျှ မရှိတော့ပါ။ ပုလ္လင်လည်း မရှိတော့။ ဟော်နန်း၏ အဆောင်အယောင် တို့ကိုလည်း မမြင်ရတော့။

လွန်ခဲ့သည့် လေးငါးနှစ် ညောင်ရွှေဟော်သို့ ရောက်စဉ် ထီးဖြူ၊ ပုလ္လင်၊ နာရီမောင်း စသည်တို့ကို ကျွန်တော် တွေ့ခဲ့ရသည်။ ယခု စခန်းသာဟော်နန်းတွင်ကား ပဒေသရာဇ်စနစ်၏ အရိပ်အယောင်ကို မမြင်ရတော့။

အလယ်က ညီလာခံ ခန်းမကို ကြည့်ပြီးနောက်၊ ဘေးတစ်ဖက်တချက် အဆောင်များကို ၀င်ကြည့်ကြသည်။ ညာဘက်တောင်ပံမှ အဆောင်ကား မရှိတော့။ ပြိုပျက်နေလေပြီ။

"မီးလောင်သွားလို့ ဒီဘက်က အဆောင်ကတော့ ပျက်သွားပြီ၊ ၀ဲဘက်ဆောင်ပဲ ကျန်တော့တယ်" ဟု ပြောပြကြသည်။

ဘယ်တုန်းက မီးလောင်သွားသည်ဟု ကျွန်တော် မမေးခဲ့မိပါ။ ညာဘက်အဆောင်မှာ အမိုးတွေ မရှိတော့ဘဲ တစ်ပိုင်းတစ ပြိုကျနေသည့် နံရံကြီးကိုသာ မြင်ခဲ့ရသည်။ ၀ဲဘက်အဆောင်ကား လုံးလုံး ပျက်စီးခြင်းမရှိ။ အကောင်းပကတိ ကျန်နေသေး၏။ ကျွန်တော်တို့သည် ၀ဲဘက်အဆောင်ရှိ အခန်းများကို လိုက်ကြည့်၏။ ၀ဲဘက်ဆောင်တွင် အိပ်ခန်းတွေကလည်း အများကြီး။ ရေအိမ်၊ ရေချိုးခန်း စသည်တို့နှင့် တွဲထားသည့် ခေတ်မီ အိပ်ခန်းများ ဖြစ်ပါသည်။ ၀ဲဘက်ဆောင် တစ်ခုတည်းမှာပင် အိပ်ခန်း လေး ငါးဆယ်ခန်းလောက်ရှိမည် ထင်ပါသည်။ အိပ်ခန်းတွေ သည်လောက်များလျှင် အိပ်သူတွေ တော်တော် များလိမ့်မည်ဟု ကျွန်တော်တို့ဘာသာ တွေးယူ လိုက်ကြပါသည်။ ဒေါ်စောမြအေးကြည်သည် မိုးဒေ၀ါသီချင်းကို ဤစခန်းသာဟော်မှာပင် စပ်ဆိုသွားခဲ့ခြင်း ဖြစ်လေသည်။ ၀ဲဘက်ဆောင်တွင် အိပ်ခန်းမျာအပြင် မီးလင်းဖိုကြီးရှိသည့် ဧည့်ခန်းကြီး တစ်ခန်းလည်း ရှိသေးသည်။ တော်တော်ကျယ်သည့် ဧည့်ခန်းကြီး ဖြစ်ပါသည်။

ဝဲဘက်ဆောင် တစ်ဖက်တည်းမှာပင် သာမန်လူတွေ နေလျှင် ဆယ်အိမ်ထောင်လောက် နေနိုင်မည် ထင်ပါသည်။ မီးလောင်ပျက်စီးသွားသည့် ညာဘက်ဆောင်ပါ ပေါင်းလျှင် စော်ဘွား၏ ဟော်နန်းသည် လူတစ်ရာလောက် ၀င်နေသည့်တိုင် ထိုလူတစ်ရာသည် ပျောက်နေပါလိမ့်မည်။

မီးလောင်ပျက်စီးသည့် အခြမ်းမှအပ ဟော်နန်းကြီးတစ်ခုလုံးသည် အကောင်းပကတိကြီး ရှိသေးသည်။ သို့ရာတွင် အစောင့်တစ်ယောက် ထားသည်မှအပ ကောင်းစွာ ထိန်းသိမ်းထားခြင်း ရှိဟန်မတူပါ။ မှန်တံခါးတို့က ကွဲလျက်၊ လျှာထိုးကြမ်းပြင်ပေါ်တွင် နွားချေးပုံများကိုလည်း တွေ့ရ၏။

ကျွန်တော်သည် ထည်ဝါခမ်းနားရုံမျှမက လှပခေတ်မီသည့် ဟော်နန်းကို ကြည့်၍ နှမြောနေမိလေသည်။

ထိုဟော်နန်းကြီးကို အသုံးချရန် ရည်ရွယ်ချက် ရှိ မရှိ ကျွန်တော်တို့က မေးကြည့်ကြသည်။

"မူးယစ်ဆေးဝါးစွဲပြီး လူကောင်းပြန်ဖြစ်လာတဲ့ လူငယ်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတစ်ရပ်အနေနဲ့ နေရာချထားဖို့တော့ စီစဉ်နေကြတာပဲ။ ဘယ်တော့လောက် အကောင်အထည် ပေါ်မလဲတော့ မသိသေးဘူး။ တစ်ခါတရံမှာ လုံခြုံရေး အခက်အခဲ နည်းနည်းရှိတယ်" ဟု ပြောပြကြသည်။

လွန်ခဲ့သည့် တစ်နှစ်လောက်တုန်းက အစောင့်တစ်ယောက်ကို အကြမ်းဖက်သမားက ပစ်သတ်သွားသည်ဟု သိရလေသည်။

ကျွန်တော်တို့သည် ဟော်ကို ကြည့်ပြီးနောက်၊ အမိုးပေါ်ရှိ လသာဆောင်သို့ တက်ခဲ့ကြသည်။ တစ်ဖက် တချက် ပြာသာဒ်တင်ထားသည့် အမိုးပေါ်တွင် ကျယ်ပြန့်သည့် လသာဆောင်ကြီး တစ်ခုစီ ရှိသေးသည်။ ဟော်၏ အလျားမှာ ကျွန်တော့်အထင် ပေ ၁၅၀ လောက် ရှိမည်ထင်ပါသည်။ လသာဆောင် တစ်ခုနှင့် တစ်ခုကို အလယ်က ပြာသာဒ်တွေ၊ အမိုးတွေ ခြားနေသဖြင့် မြင်လည်း မမြင်ရ၊ စကားပြောလျှင်လည်း မကြားရပါ။

လသာဆောင်ပေါ်မှ မျှော်ကြည့်လိုက်သည့်အခါတွင် အောက်မှ ကြည့်ရသည်ထက် ရှုခင်းတစ်ခုလုံးကို ပို၍ သဲကွဲစွာ မြင်ရသည်။ ဟော် ဆောက်ထားရာ တောင်စွယ်နောက်တွင် တောင်တန်းကြီးများ၊ တောများ ရှိသည်။ ဟော် ပတ်လည်တွင်လည်း ထင်းရှူးပင်တွေ၊ ၀က်သစ်ချပင်တွေ၊ ယူကလစ်တပ်ပင်တွေ စိုက်ထားသည်။ ရုတ်တရက် ကြည့်လိုက်လျှင် မြန်မာနိုင်ငံ ရောက်နေသည်ဟု မထင်ရ။ ဥရောပ နိုင်ငံတစ်ခုက ကျေးလက်စံအိမ် တစ်အိမ်သို့ ရောက်နေသည်ဟု ထင်ရလေသည်။

ကျွန်တော်တို့သည် စခန်းသာဟော်ကို လှည့်ပတ်ကြည့်ရှုပြီးနောက်၊ ကျောက်မဲသို့ ပြန်ခဲ့ကြသည်။ ထိုစဉ်က ကျွန်တော်တို့တွင် ကင်မရာ မပါသဖြင့် သီပေါစော်ဘွား၏ ဟော်နန်းအိုကို ဓါတ်ပုံမရိုက်ခဲ့ရပါ။ ကာတွန်းမြေဇာသာလျှင် စခန်းသာဟော်၏ ပုံကို ကောက်ကြောင်းဖြင့် ပုံကြမ်းဆွဲခဲ့ရသည်။

ကျွန်တော်သည် ကျောက်မဲအပြန် ကားပေါ်တွင် ထိုင်လိုက်လာရင်း၊ ရှမ်းပြည်နယ်၏ ကိုလိုနီ အုပ်ချုပ်ရေး သမိုင်းကို စဉ်းစားလာမိလေသည်။

အင်္ဂလိပ်အစိုးရသည် ၁၈၈၆ ခုနှစ်တွင် ရှမ်းပြည်နယ်အပါအ၀င် မြန်မာနိုင်ငံ အထက်ပိုင်းကို ဗြိတိသျှ အင်ပိုင်ယာ၏ အစိတ်အပိုင်းအဖြစ် ကြေညာခဲ့လေသည်။ ၁၈၈၇ ခုနှစ်တွင် မြန်မာပြည် စည်းမျဉ်းအက်ဥပဒေအရ ရှမ်းပြည်နယ်ကို နယ်များ ခွဲဝေသတ်မှတ်ခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ထိုအက်ဥပဒေ ပြင်ဆင်ချက်အရ ရှမ်းပြည်နယ်ကို တောင်ပိုင်း၊ မြောက်ပိုင်း ခွဲခဲ့သည်။ တောင်ပိုင်းနယ်၊ သိန္နီနယ်မြောက်ပိုင်း၊ သိန္နီနယ်တောင်ပိုင်း၊ သီပေါနယ်၊ အနောက်နှင့် အရှေ့ မိုင်းလုံနယ်တို့ကို စော်ဘွား အုပ်ချုပ်သည့်နယ်များအဖြစ် သတ်မှတ်ခဲ့ပြီး၊ သံလွင် အရှေ့ဘက်ကမ်းရှိ နယ်များကို မြန်မာနိုင်ငံတော် ဘုရင်မင်းမြတ် (အင်္ဂလိပ်ဘုရင်) ၏ သံလွင်အရှေ့ဘက်နယ်များဟု သတ်မှတ်ခဲ့သည်။ ထိုနယ်များ အားလုံးကို မြန်မာနိုင်ငံမှ သီးခြားခွဲထုတ်ကာ ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်စေခဲ့လေသည်။ ကာကွယ်ရေးအာဏာ၊ ဘဏ္ဍာရေးအာဏာ နှင့် နိုင်ငံရေးအာဏာတို့ကို အင်္ဂလိပ်တို့က ကိုင်ထားခဲ့ပြီး၊ စော်ဘွားများအား အင်္ဂလိပ်အစိုးရအပေါ် သစ္စာရှိရန် ပဋိညာဉ်ထားစေခဲ့လေသည်။

သို့ဖြင့် မြေပြန့်နှင့် တောင်တန်းဒေသများသည် အနေဝေးခဲ့ကြလေသည်။ အင်္ဂလိပ်တို့သည် တောင်တန်း စော်ဘွားများအား အခွင့်အရေးများ ပေးခဲ့ကြသည်။ အချို့သော စော်ဘွားများကို ၀ိတိုရိယ ဘုရင်မကြီး ကိုယ်တိုင် လက်ခံတွေ့ဆုံခြင်း၊ အချို့သော စော်ဘွားများကို ဘုရင်မင်းမြတ် ဘိသိက်ပွဲသို့ ဖိတ်ကြားခြင်း စသည့် နည်းများဖြင့် မြှူဆွယ်ခဲ့ကာ မြန်မာတိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်ခဲ့ကြလေသည်။

ကျွန်တော်သည် ကားပေါ်မှနေ၍ တဖြည်းဖြည်း ဝေးကျန်ခဲ့သော သီပေါစော်ဘွား၏ စခန်းသာဟော်ကို ငေးကြည့်မိသည်။

သြော် .... ပဒေသရာဇ် တစ်ပါး၏ ဟော်နန်းအိုပေတကား။
 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 
လုံချည်
 
မြန်မာ့တိုင်းရင်းသား ရိုးရာဝတ်စုံများ
၁၈၀၀ ခုနှစ်နောက်ပိုင်းကာလ တောင်ရှည်ပုဆိုးဝတ်ထားသော ဗမာယောက်ျားတစ်ဦးအား တွေ့ရပုံ
အမည် ပုဆိုး(သို့) လုံချည်
အသုံးပြုသောနိုင်ငံ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ
အခြားအမည်များ အမျိုးသားများအတွက်-ပုဆိုး၊လုံချည်၊ တောင်ရှည် (၁၈၀၀ ခုနှစ် ဝန်းကျင်ခန့်က)
အမျိုးသမီးများအတွက်- ထမီ၊လုံချည်
အသုံးပြုသော လူမျိုးများ ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယားနှင့် အခြား မြန်မာပြည်ဖွား တိုင်းရင်းသား မောင်နှမများ
လုံချည် ဝတ်ဆင်ထားသော ဗမာယောက်ျားတစ်ဦးပုံ
လုံချည် (ဗမာလို- လုံချည်၊ MLCTS: lum hkyany; အသံထွက် [lòuɴdʑì]) ဆိုသည်မှာ အဝတ်စဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်ကြသည်။ လုံချည်သည် ၂ မီတာ (၆ ၁/၂ ပေ) ခန့်ရှည်ပြီး ၈၀ စင်တီမီတာ (၂ ၁/၂ ပေ)ခန့် ကျယ်သည်။ အစကို ပုံမှန်အားဖြင့် ဆလင်ဒါပုံစံဖြစ်အောင် ကွင်းလုံး ချုပ်ထားသည်။ ၎င်းကို ခါးပတ်ဝန်းကျင်မှ ခြေမျက်စေ့ နားအထိဝတ်ဆင်သည်။ ၎င်းကို ခါးတွင် အစတစ်ခုပေါ် တစ်ခု ထပ်ခေါက်၍လိပ်ပြီး အထုံးမပါဘဲ ဝတ်ကြသည်။ တစ်ခါတစ်ရံ သက်သောင့်သက်သာရှိစေရန် ၎င်းကိုဒူးခေါင်းနားအထိ ရောက်အောင် ဝတ်ဆင်ကြသည်။
အလားတူ အဝတ်အထည်များကို အိန္ဒိယ၊ ဘင်္ဂလားဒေ့(ရှ်)၊ သီရိလင်္ကာ၊ မလေးကျွန်းဆွယ်နှင့် ယုဇ်ဒီဖောရာ (Juiz de Fora) တို့တွင် တွေ့နိုင်ပါသည်။
အိန္ဒိယကျွန်းဆွယ်တွင်ရှိသော နိုင်ငံများတွင် (ဘင်္ဂလားဒေ့(ရှ်)၊ အနောက် ဘင်္ဂလား၊ တောင်အိန္ဒိယနှင့် သီရိလင်္ကာ)၊ ၎င်းကို လန်ချည်၊ လုံချည်၊ ကိုင်လီ သို့မဟုတ် ဆာရမ် ဟုအမည်အမျိုးမျိုးဖြင့် သိကြသည်။စာမဖတ်တတ်တဲ့ယောက်ျားဟာ အကန်းနဲ့တူပြီး ရက်ကန်းမရက်တတ်တဲ့မိန်းမဟာ အကျိုးနဲ့တူတယ် - ဟူသော ဗမာစကားပုံသည်နေအိမ်တိုင်းတွင် လက်ရက်ကန်းစင်များထားရှိပြီး အမျိုးသမီးများက မိသားစုအတွက် လုံချည်ရက်လုပ်ကြသော တစ်ချိန်တစ်ခါက ဗမာစကားပုံတစ်ခုဖြစ်သည်။

ပုံစံနှင့်အသွင်အပြင်

မြန်မာနိုင်ငံတွင်၊ အမျိုးသားများဝတ်ဆင်သောလုံချည်ကို ပဆိုး (ဗမာလို - ပုဆိုး)ဟုခေါ်ပြီး အမျိုးသမီးများ ဝတ်ဆင်သော လုံချည်ကို ထမိန် (မြန်မာလို -ထဘီ) ဟုခေါ်သည်။ ယောက်ျားမိန်းမ ဝတ်ဆင်ပုံဝတ်ဆင်နည်း မတူညီသကဲ့သို့ အဆင်များနှင့် ဖွဲ့စည်းထားပုံများမှာလဲ ယောက်ျားမိန်းမ လိင်နှစ်မျိုးအကြား ကွဲပြားခြားနားပါသည်။ ရှေးအခါက အမျိုးသားများ၏ ပုဆိုးကို တောင်ရှည်ပဆိုး (ဗမာ- တောင်ရှည်ပုဆိုး) ဟု ခေါ်သည်။ ယင်းသည် အတောင်၂၀ ရှည်သောအစ ဖြစ်ပြီး ယခုခေတ်ဝတ်ဆင်ကြသကဲ့သို့ ကွင်းလုံးပုံ ချုပ်မထားပေ။ ယခုခေတ် ပုဆိုးဝတ်ဆင်ပုံမှာ အရှေ့ပိုင်း အစွန်းနှစ်ဖက်ကိုရှေ့ဘက်၌ အတူတကွ ထပ်ခေါက်၍ လိပ်ပြီး ချက်အောက်နား ခါးနေရာတွင် လျှိုသွင်းထားသည်။
အမျိုးသမီးများ အတွက်မှာမူ သုံးတောင့် တစ်ထွာသာ ရှည်ပြီး၊ ရှေးအခါက အမျိုးသားများနည်းတူ ကွင်းလုံးချုပ်ထားခြင်း မရှိပေ။ အမျိုးသမီးများသည် အစတစ်ဘက်တည်းကိုသာ ရှေ့သို့ရစ်ပတ်လျက် အခြား ခါး၏တစ်ဘက်ခြမ်းတွင် အတွင်းသို့ ထိုးသွင်းထားသည်။ ထဘီအောက်နားကို ခေတ်အလိုက် အတိုအရှည် ဝတ်ဆင်လေ့ရှိသော်လည်း ဒူးအထက်သို့မူကား မရောက်ပါချေ။ လုံချည်များကို များသောအားဖြင့် မချုပ်ပဲ ရောင်းသည်။ သို့သော် ယခုခေတ်တွင် အသင့်ဝတ်အထည်များအဖြစ် ရရှိနိုင်ပြီး၊ ထဘီများကို အနောက်တိုင်းစကပ်များ အတိုင်းပင်ချုပ်လုပ်နိုင်သည်။လုံချည်ဖြည်ခြင်းနှင့် ပြန်ပြင်ဝတ်ခြင်း တို့ကို အမျိုးသမီးရော အမျိုးသားများပါ အများသူငါရှေ့တွင် ပြုလုပ်ကြသည်ကို မကြာခဏ မြင်ရသော်လည်း အမျိုးသမီးများက ပို၍သိုသိုသိပ်သိပ် လုပ်ဆောင်ကြသည်။

အဆင်များနှင့်အဝတ်အထည်များ

ကိုယ်ပိုင်သီးသန့် စုဆောင်းသိမ်းဆည်းထားသော အချိတ်ထဘီများ
ကချင်လုံချည်အမျိုးအစားတွင် လူသိအများဆုံး တာတန်ဒီဇိုင်း
အမျိုးသားများ ဝတ်ဆင်သော ပုဆိုးများမှာ ယေဘုယျအားဖြင့် အစင်းများ သို့မဟုတ် ပြောင်အရောင်များဖြစ်ပြီး အထက်အောက် ပြောင်းပြန်ဝတ်ဆင်သော်လည်း ကွဲပြားခြင်းမရှိပေ။ သို့သော်လည်း အမျိုးသမီးများ၏ထဘီမှာ ခါးဘက်တွင် အထက်ဆင့် (ဗမာလို - အထက်ဆင်) (စာပေအရ အပေါ်ဘက်ကွင်း) ဟုခေါ်သော အမည်းရောင် ချည်ထည်သိုင်းစည်းကြိုး ပါရှိသည်။ အမျိုးသမီးများသည် ပို၍ အရောင်စုံသောအထည်များနှင့် ပန်းပွင့်ပုံအဆင်များ ကိုလည်း ဝတ်ဆင်ကြသည်။ ချည်သားမှာ အခြေခံကျသော အထည်ဖြစ်သောလည်း ပြည်ပမှသွင်းကုန်နှင့် ပြည်တွင်းဖြစ် အထည်များ အားလုံးကို လုံချည်များအဖြစ် ချုပ်လုပ်နိုင်သည်။တူတယ်၊ ဂျော်ဂျက်၊ ဆာတင်နှင့် ခရစ်စများ အားလုံးကို ထဘီများအဖြစ် ချုပ်လုပ်ဝတ်ဆင်ကြသည်။
အင်ဒိုနီးရှား ပါတိတ် မှာဆယ်စုနှစ်များစွာတိုင်အောင် အလွန်ကျော်ကြားသည်။ အထက်နှင့်အောက် (အင်္ကျီနှင့်ထဘီ) ဆင်တူ ဝတ်ဆင်ကြသော ပါတိတ်မှာ ၁၉၈၀ ခုနှစ်များ တစ်လျှောက်လုံး အမျိုးအစားစုံလင်လှပေသည်။အခမ်းအနားများနှင့် အထူးအခါသမယများတွင် ယောက်ျား၊မိန်းမတို့သည်၎င်းတို့၏ အကောင်းဆုံး ပိုးထည်များကို ဝတ်ဆင်ကြပေမည်။ အသေးအစိတ်ဆုံး အထည်များမှာ အချိတ် (ဗမာလို- အချိတ်) (စာပေအရ ချိတ်)ဟု လူသိများသော၊ များပြားလှသော အရောင်စုံတို့ဖြင့် စပ်ဟပ်ကာ လှပပြီး ရှုပ်ထွေးသော လှိုင်းပုံသဏ္ဍာန်အဆင် သို့မဟုတ် တောလိုက်ခွေးသွားအဆင် များဖြစ်ပြီး အမရပူရ ရက်ကန်းသည်များက ရက်လုပ်ကြသည်။ ထိုအချိတ်အထည်များကို အထူးသဖြင့် မင်္ဂလာဆောင် အခမ်းအနားများတွင် ဝတ်ဆင်ကြပြီး၊ သတို့သားနှင့် သတို့သမီးတို့သည် လိုက်ဖက်သောအရောင်ဖြင့် အမြဲတမ်းလိုလို အဆင်တူညီစွာ ဝတ်ဆင်ကြသည်။ဆင်းရဲသောသူများပင်လျှင် အချို့သော ရိုးရာပိုးထည်များကို အထူးအခမ်းအနား များအတွက် သိမ်းထားတတ်ကြသည်။
ရှေးယခင်ကာလများတွင် မင်းမျိုးမင်းနွယ်များနှင့် လွှတ်တော် တက်သူများက ပုံမှန်အားဖြင့် ပိုးထည်များကို ဝတ်ဆင်ကြပြီး၊ တော်ဝင်ပုဆိုးများနှင့် ထဘီများမှာ ရွှေ၊ ငွေ၊ ပုလဲများ၊ အဖိုးတန် ကျောက်မျက် ရတနာများတို့ဖြင့် လှပဆန်းကျယ်စွာ ပန်းများထိုးထားသည်။ ခေတ်သစ်တွင် ပြန်လည်ထုတ်လုပ်ထားသော ထိုအဆင်များကို စင်တင် ဇာတ်ပွဲ (ဗမာလို- ဇာတ်ပွဲ) (ဇာတ်သဘင်ကပွဲ) များတွင်တွေ့မြင်နိုင်ပါသည်။လူမျိုးစုနှင့် ဒေသအလိုက် ရက်လုပ်သော အထည်များနှင့် အဆင်များမှာ အမျိုးအစားစုံလင်လှပြီး လူအများ နှစ်သက်ကြသည်။ ၎င်းတို့မှာ ရခိုင်လုံချည်၊ မွန်လုံချည်၊ ကချင်လုံချည်၊အင်းလေးလုံချည်၊ ဇင်းမယ်(ချင်းမိုင်) လုံချည်၊ ယောလုံချည်၊ ဆိတ်ခွံလုံချည်၊ထားဝယ်လုံချည်နှင့် အခြား များစွာရှိသည်။အထူး အခမ်းအနားများတွင် အမျိုးသားများ ဝတ်ဆင်သော ချိတ်မဟုတ်သော ပိုးပုဆိုးများကို ဘန်ကောက် (ဘန်ကောက်) ပုဆိုးဟုခေါ်သည်။ ကုလား (အိန္ဒိယ)ပုဆိုးမှာ ယေဘုယျအားဖြင့် ပို၍ရှည်ပြီး အရပ်ရှည်သူများ ဝတ်ဆင်ကြသည်။ ကုလားဆင် (ဗမာလို- ကုလားဆင်) ဆိုသည်မှာ အိန္ဒိယလူမျိုး လက်ဖက်ရည်ဆိုင် ပိုင်ရှင်များ ဝတ်ဆင်သော အမည်းရောင်၊ အညိုရောင်နှင့် အဖြူရောင် တို့ဖြင့် လေးထောင့်ကွက်ကြီးကြီး အဆင်များကို ရည်ညွှန်းသည်။ အိန္ဒိယမှလာသော မာဆရိုက်လုံချည်များမှာ ကျော်ကြားလျက်ပင်ရှိပြီး အထည်မှာ ခိုင်ခံ့သည်။

ဘက်စုံအသုံးပြုနိုင်ခြင်းနှင့် သက်သောင့်သက်သာ ရှိခြင်း

ဗမာယောက်ျား တစ်ဦး၏ ပုဆိုးခါးတောင်းကျိုက် ဝတ်ဆင်ထားသောရုပ်တု
လုံချည်သည် ဤအရပ်ဒေသများရှိ ရာသီဥတုနှင့် အထူးပင်လိုက်ဖက်သည်။ လေဝင်လေထွက် ကောင်းပြီး ပူပြင်းသော နေရောင်အောက်တွင် အေးမြစေသည်။ ပိုးထည်များမှာ အလွန်ထူးခြားပြီး ဆောင်းရာသီတွင် ပူနွေးစေ၍ နွေရာသီတွင် အေးမြစေသည်။ လုံချည်ကို အမျိုးစုံ အသုံးပြု ဝတ်ဆင်နိုင်သည်။ အမျိုးသားများ ၎င်းတို့ပုဆိုး၏ ရှေ့ပိုင်း အောက်နားစကို စုစည်းပြီး အပေါ်သို့လိပ်ကာ ခြေနှစ်ချောင်းကြားအတွင်းမှ ကျိုက်ယူပြီး ခါးအနောက်ဖက်သို့ ထိုးသွင်းခြင်းကို ပုဆိုးခါးတောင်းကျိုက် (ဗမာလို- ပုဆိုးခါးတောင်းကျိုက်) ဟု ခေါ်ကြပြီး ဒိုတီဝတ်သကဲ့သို့ မကြာခဏဆိုသလို ဝတ်ဆင်ကြသည်။ အမြင့်သို့တက်ခြင်းနှင့် အားကစားလှုပ်ရှားမှုများ ပြုလုပ်ရာတွင် ဘောင်းဘီအတို အရှည်များ လဲမည့်အစား ဤကဲ့သို့ ပြုလုပ်လေ့ရှိသည်။ ရှေးအချိန်အခါက စစ်သားများမှာ ယင်းပုံစံအတိုင်း ပုဆိုးချည်းသက်သက် သို့မဟုတ် ဘောင်းဘီအရှည်ပေါ်မှ ထပ်၍ ဝတ်ဆင်ခဲ့ကြသည်။
လုံချည်များရောင်းနေပုံ(မဟာမုနိဘုရား၊ မန္တလေးမြို့)
ကျေးလက်ဒေသများတွင် အမျိုးသားများကို ရေချိုးရာတွင်(ရေလဲ (ဗမာလို-ရေလဲ)- စာပေအရ ရေလဲသောလုံချည်) အသုံးပြုရန်အတွက် လည်းကောင်း သို့မဟုတ် ထမ်းပိုးထမ်းရာတွင် ပုခုံးခုအနေဖြင့် လည်းကောင်း သို့မဟုတ် နောက်ကျောပေါ်တွင် လေးပင်သောဝန်များကို သယ်ရာတွင် အခုအခံအနေဖြင့် လည်းကောင်း အသုံးပြုရန်အတွက် ပုခုံးတစ်ဖက်ပေါ်တွင် ခေါက်ထားသောပုဆိုးကို တင်၍ထားတတ်ကြသည်ကို မကြာခဏမြင်တွေ့နိုင်သည်။ အမျိုးသမီးများ ရေချိုးသောအခါ အင်္ကျီကို မချွတ်မီ ရင်သားများကို ဖုံးကွယ်ထားရန်အတွက် ၎င်းတို့၏ထဘီကို ချိုင်းအောက်ဖက်နားတွင် ရိုးရိုးပင် ထိုးသွင်းကာ ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ထဘီအောက်ခြေကို လက်ဖြင့် စုစည်းပြီး လေကိုပိတ်မိစေကာ ဗောအဖြစ် အသုံးပြုတတ်ကြသည်ကို မြစ်ထဲတွင် မြင်တွေ့နိုင်သည်။ ၎င်းတို့သည် လုံချည်ကို ခေါက်ပြီးခွေကာ ရေအိုးများ၊ ထင်း၊ တောင်းများနှင့် လင်ဗန်းများကို ခေါင်းပေါ်ရွက်ပြီး သယ်ရာ၌ ခေါင်းခုအဖြစ်လည်း သုံးသည်။ လမ်းဘေးဈေးသည်မှသူမ၏ အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်သည့်ထုံးစံဖြစ်သည်။
လုံချည်လဲခြင်းမှာ ရိုးရိုးပင်ဖြစ်သည်။ လုံချည်အသစ်ကို ခြေထောက်အောက်မှ ဆွဲတင်ကာ တစ်ချိန်တည်းမှာပင် လုံချည်အဟောင်းကို ဖြည်လျှော့ကာ အောက်သို့လွှတ်ချလိုက်ခြင်းဖြစ်သည်။ သို့မဟုတ် လုံချည်အသစ်ကို ခေါင်းပေါ်မှလည်း စွပ်ချနိုင်သည်။ အမျိုးသမီးတစ်ဦး ၎င်းတို့ထဘီကို ရေမစိုစေပဲ နည်းနည်းချင်းစီဆွဲတင်ကာ မြစ်ထဲသို့ ဖြည်းဖြည်းချင်း ကူးဖြတ်ပြီး ခေါင်းပေါ်တွင်ရစ်ပတ်လျက် ထားရှိပြီး ထိုနည်း၎င်းအတိုင်းပင် ပြောင်းပြန်ပြန်လုပ်ကာ ရေထဲမှပြန်တက်လာသည်ကို မြင်တွေ့နိုင်သည်။ ၎င်းမှာ ရေချိုးခန်း သို့မဟုတ် အိပ်ခန်းတွင်း လုပ်ရိုးလုပ်စဉ်အတိုင်း ပင့်မခြင်းမျှသာ ဖြစ်သည်။ လုံချည်များသည် ကွင်းလုံးပုံအထည်များ ဖြစ်ကြသောကြောင့် လျှော်ဖွပ်ခြင်းနှင့် မီးပူတိုက်ခြင်းတို့ ပြုလုပ်ရာတွင် ယင်းတို့ထက် လွယ်ကူသည့် အထည်များ မရှိပါချေ။ အလွယ်တကူ လှန်းထားနိုင်၊ မီးပူတိုက်နိုင်၊ ခေါက်ထားနိုင်ပြီး အဝတ်ဘီရိုထဲတွင် နေရာလည်း ကျယ်ကျယ်မယူဘဲ တစ်ခုပေါ် တစ်ခု ဆင့်ထားနိုင်ပေသည်။

https://sites.google.com/site/myanmarsite1/home/la/longyi မှ ကူးယူဖေါ်ပြပါသည်။
 
 


No comments:

Post a Comment

ဒီမှာ သူငယ်ချင်းတို့ရဲ့ ရင်ထဲကစကားလေးတွေပြောပြသွားခဲ့ပါ ကျေးဇူးတင်ပါတယ်..။