Tuesday 6 December 2011

ဓမ္မမရေးရာ ( 18 )

ဓမ္မမရေးရာ

ပိဋကတ်ကျမ်း _ဒီဃနိကာယ် <<< Download




ဒီဃနိကာယ်
၁။ သီလက္ခန္ဓ၀ဂ္ဂ

e-Book in Myanmar
(မှတ်ချက်။ အောက်ပါ စာအုပ်များ အလှုရှင်--ကွယ်လွန်သူမိဘနှစ်ပါးဖြစ်ကြသောဦးအေး+ဒေါ်စန်းစန်းလွင်နှင့် ကွယ်လွန်သူညီအကိုဖြစ်သူမောင်မင်းချမ်းမြေ့တို့အားရည်စူး၍ သားကြီးကိုဝင်းထွန်းလင်း+မအေးမြသီတာ (ခေတ္တဂျပန်)၊ သားငယ်ကိုအောင်ပြည့်စုံအေး(ခေတ္တစင်္ကာပူ) မိသားစုမှ လှုဒါန်းပါသည်။scanning လုပ်အား အလှုရှင် - ကိုအောင်ပြည့်စုံအေး၊ ကို ဝင်းထွန်းဆင့်၊ ကိုထင်ကျော်၊ မရင်ရင်အေးတို့မှ ကူညီလုပ်အားဒါနပြု ပါသည်။)
...........................................................................................................................................

လောကဓံ (၈)ပါး

လောကဓံ (၈)ပါး

လောကဓံ (၈)ပါးဆိုတာက တကယ်တော့ဆန့်ကျင်ဘက် (၄)ခုစီ ပေါင်းထားတာပါ။
>တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်….

၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ————- မာန်မတတ်သင့်ဘူး။
၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ————- စိတ်မဆင်းရဲသင့်ဘူး။

၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ———— သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။
၎။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ———– ခပ်အေးအေးပဲနေတက်ရမယ်။

၅။ ချီးမွမ်းခံရလို့လည်း ———— ၀မ်းမြောက်ဝမ်းသာမဖြစ်သင့်ဘူး။
၆။ ကဲ့ရဲ့ ခံရလို့လည်း ————– ဒေါသမဖြစ်သင့်ဘူး။

၇။ ဆင်းရဲခြင်းကြုံတွေ့ရလည်း ————- ကြံကြံခံနိုင်ရမယ်။
၈။ ချမ်းသာခြင်းကို ကြုံတွေ့ရလည်း ———— ထောင်လွှားမာန်တက်ခြင်းမဖြစ်သင့်ဘူး။

လူ့သဘာဝကတော့ ပျော်စရာရှိရင်ပျော်လိုက်တယ်၊ ၀မ်းနည်းစရာရှိရင် ၀မ်းနည်းနေမယ်။ ... ဒါပါပဲ။ ဒါပေမယ့် ဘာကိုမှ လွန်လွန်ကြူးကြူးမဖြစ်ဖို့နဲ့၊ ပျော်စရာ၊ ၀မ်းနည်းစရာတွေကြုံတွေ့လာရတဲ့အခါ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လိုချင်တာတွေဖြစ်နေတုန်းမှာလည်း ဒါတွေဟာ လောကဓံလို သတိလေးထားပြီး သိပေးလိုက်ရင်…….
စိတ်ညစ်စရာတွေ၊ ၀မ်းနည်းစရာတွေ၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ ခံစားရတာ နည်းနည်းသက်သာတာပေါ့….

ဒု ၊ သ ၊ န ၊ သော အဓိပ္ပာယ်

ဒု-သ-န-သော အက္ခရာ၏ အဓိပ္ပာယ်

သူဌေးသားလေးယောက် ငရဲအိုးနှုတ်ခမ်းသို့ တက်ရောက်လာသော ခဏ၌ ပြောဆိုကြသော အသံလေးခုကား -

ဓမ္မပဒအဋ္ဌကထာအလို ပထမ (ဒု) ၊ ဒုတိယ (သ) ၊ တတိယ (န) ၊ စတုတ္ထ (သော) ဟူ၏။

သံယုတ်အဋ္ဌာကထာအလို ပထမ (သ) ၊ ဒုတိယ (သော) ၊ တတိယ (န) ၊ စတုတ္ထ (ဒု) ဟူ၏။


ကျမ်းပြုဆရာ အရှင်မဟာ ဗုဒ္ဓဃောသ တစ်ပါးတည်း ဖြစ်ပါလျက် (ဒု-သ-န-သော) (သ-သော-န-ဒု) ဟု နှစ်မျိုးအစဉ် ကွဲပြားခြင်းကား ဓမ္မပဒ ဘာဏက သံယုတ္တဘာဏကထေရ်တို့၏ အလိုသို့လိုက်၍ ဆိုရခြင်းကြောင့်ဖြစ်၏။

အက္ခရာအစဉ်မတူသော်လည်း အက္ခရာတစ်လုံး တစ်လုံး ၏အဓိပ္ပာယ်ကား အတူတူပင်ဖြစ်သည်။ ဤ၌ အများအပြားပြောနေကျ (ဒု-သ-န-သော) အစဉ်အတိုင်း အက္ခရာ တစ်လုံး တစ်လုံး၏ ဆိုလိုရင်း ဂါထာနှင့် အဓိပ္ပာယ်ကို ဖော်ပြ ပေအံ့။

ကာမေသုမိစ္ဆာစာရ ကျူးလွန်ခဲ့ကြသော သူဌေးသားလေးယောက်တို့သည် လောဟကုမ္ဘိ (ကြေးရည်ပူအိုးကြီး) ငရဲသို့ကျရောက်ကြသည်။ နှုတ်ခမ်းမှ အောက်အပြင်ဘက်သို့ အနှစ်သုံးသောင်းတိုင်တိုင်မြုပ်၏။ အောက်အပြင်မှ အထက်ငရဲအိုးကြီးနှုတ်ခမ်းသို့ အနှစ်သုံးသောင်းကြာမှ ပေါ်၏။ ထိုငရဲအိုး၌ အကုသိုလ် အကြီးအငယ်လိုက်၍ အမြုပ်အပေါ် တစ်ပြန်နှစ်ပေါင်း ခြောက်သောင်းနည်းဖြင့် ၁-ပြန် ၊ ၂-ပြန် ၊ ၃-ပြန် စသည်ဖြင့် အပြန် အနည်းအများခံစားရ၏။ ထိုသူဌေးသားလေးယောက်တို့သည် အမြုပ်အပေါ် တစ်ပြန်အားဖြင့် အိုးနှုတ်ခမ်း အရောက်တွင် ဤ ဒု-သ-န-သော ကိုပြောဆိုပြီး ကြေးရည်ပူ ငရဲအိုးကြီးထဲသို့ ပြန်လည်မြုပ်သွားကြလေသည်။

မြုပ်ကျသွားသော နှစ်ပေါင်းကား(ကောသလမင်းရှိချိန်က) ယခုအချိန်ထိ နှစ်ထောင့်ငါးရာကျော် ခြောက်ရာရှိလေသည်။ နောက်ထပ် အပြန်မည်မျှခံရဦးမည်မသိ။ ငရဲသက်စံချိန်ကား အနှစ်ခြောက်သောင်းသည် မပြောပလောက်သော နာရီပိုင်းအချိန်မျှသာတည်း။ ခြောက်သောင်း (၁၀) ပြန် အပြန် (၁၀၀)မက ခံစားကြရသော ကာမေသုမိစ္ဆာစာရ၏ နောက်ဆက်တွဲ ဒုက္ခရှည်ကြီးကား ကြောက်မက်ဖွယ်ကောင်းလေစွ။ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် အသိတရား အစဉ်ထားသင့်လှသည်။

(၁) ဒုဇ္ဇီဝိတ မဇီဝိမှာ ယေသန္တေနဒဒမှသေ

ဝိဇ္ဇမာနေသု ဘောဂေသု ၊ ဒီပံနာကမှမတ္တနော

ပထမသူဌေးသားဖြစ်သော ငရဲသားသည် ဤဂါထာကို ဆိုချင်သော်လည်း မဆိုနိုင်တော့ဘဲ ဂါထာအစ ဒု အက္ခရာမျှကိုသာ ဆို၍ ငရဲအိုးကြီးထဲ ပြန်မြုပ်သွားလေ၏။ ၄င်းဆိုလိုသော ဂါထာ အဓိပ္ပာယ်ကား - (၁) ဒို့တတွေ မကောင်းသော အသက်ရှင်ခြင်းဖြင့် အသက်ရှင်ခဲ့ကြသည်။ (၂) ငါတို့ပစ္စည်း ဥစ္စာများစွာရှိပါလျက် ဘာမျှမလှူခဲ့ကြပါ။ (၃) မိမိ၏ကိုးကွယ်ရာ ကုသိုလ်ကောင်းမှုကို မပြုခဲ့ကြပါတကားဟူ၏။


ဒုတိယသူဌေးသားဟောင်း ငရဲသားကား

(၂) သဋ္ဌိဝဿသဟဿာနိ ပရိပုဏ္ဏာနိသဗ္ဗသော

နိရရေပစ္စမာနာနံ ကဒါအန္တောဘဝိဿတိ

ဤသို့အပြည့်အစုံဆိုချင်သော်လည်း ဂါထာအစ (သ)တစ်လုံးမျှကိုသာဆို၍ ငရဲအိုးထဲ မြုပ်သွားလေ၏။ ငရဲခံနေရတဲ့ ဒို့တတွေအား နှစ်ပေါင်းခြောက်သောင်းပြည့်သွားပြီ ဘယ်သောအခါမှ ဒီငရဲဒုက္ခ အဆုံးသတ်တော့မည်နည်း။


တတိယသူဌေးသားဖြစ်ခဲ့တဲ့ ငရဲသား

(၃) နတ္ထိအန္တောကုတောအန္တော နအန္တောပဋိဒိဿတိ

တဒါဟိ ပကတံပါပံ မမတုယှဉ္စမာရိသ

ဤသို့အပြည့်အစုံဆိုချင်ပါသော်လည်း မဆိုနိုင်တော့ဘဲ ဂါထာအစ (န) အက္ခရာတစ်လုံးမျှသာ ဆိုပြီးလျှင် ငရဲအိုးကြီးထဲ မြုပ်သွားလေ၏။ ချစ်လှစွာသောသူငယ်ချင်း ဤငရဲဒုက္ခ၏အဆုံးကား မရှိတော့ပါတကား ဘယ်သောအခါကျမှဆုံးပါမည်နည်း။ ဤဒုက္ခအဆုံးကို မမြင်နိုင်အောင် ရှိပါဘိတကား။ ဟုတ်ပါတယ်လေ မင်းရောငါရော သူဌေးသားဘဝတုံးက ကာမေသုမိစ္ဆာ အကုသိုလ်ကို အများအစား ပြုမှားမိခဲ့ကြလေသည်တကား။


စတုတ္ထသူဌေးသားဖြစ်ခဲ့တဲ့ ငရဲသားသည်ကား

(၄) သောဟံနူန ဣတောဂန္တာ ယောနိံလဒ္ဓါနမာနုသိံ

ဝဒညူသီလသမ္မန္နော ကိာဟာမိကုသလံဗဟုံ

ဤသို့ပြည်ပြည့်စုံစုံဆိုချင်ပါသော်လည်း မဆိုနိုင်ဖြစ်၍ အစအက္ခရာ (သော) တစ်လုံးသာဆိုလျှင် ငရဲအိုးကြီးထဲသို့ နစ်မြုပ်သွားလေ၏။ ငါသည် ဤငရဲအိုးကလွတ်ပြီး လူ့ဘဝရမည်ဆိုလျှင် ပညာရှိတို့ ဆုံးမအပ်သော စကားကို သိမှတ်လိုက်နာမည်။ သီလနှင့်ပြည့်စုံအောင်နေလိုက်မည်။ ကုသိုလ်တွေကို အများကြီးပြုလိုက်ဦးမည်တည်း။

Monday, April 25, 2011

"ခင်ပွန်းကြီး၁၀ပါးကန်တော့နည်း"

ခင်ပွန်းကြီး၁၀ပါးကန်တော့နည်း။
ဘုရားတပည့်တော်သည်သံသရာမှစ၍ယနေ့တိုင်အောင်-
၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအပေါ်၌
၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့်အပေါ်၌
၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂသာဝက၊မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌
၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့်အပေါ်၌
၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့်အပေါ်၌
၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ဆုံးမတက်သောဆရာသမားတို့်၏အပေါ်၌
၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကိုဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်
သောလူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်တို့အပေါ်၌
၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့်ကိုဟောပြောပြသဆုံးမတက်သောဆရာသမားတို့အပေါ်၌
၁၀။ထမင်းတစ်လုပ်၊ရေတစ်မှုတ်စသည်ဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏အပေါ်၌
ကာယကံ၊ ၀စိကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကိုပျောက်ပါစေခြင်း
အကျိုးငှာရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ဘုရား….။
ဤသို့ရိုခိုးပူဇော်ဖူးမြော်မာန်လျော့ကန်တော့ရသောကောင်းမှုကံစေတနာတို့ကြောင့်အလုံးစုံသောဘေးရောဂါ
အန္တရာယ်အပေါင်းတို့မှကင်းဝေးပြီးလျှင်မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သစ္စာလေးပါးမြတ်တရားကို
ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ဝင်နိုင်သောကိုယ်ဖြစ်ရပါစေသားအရှင်ဘုရား။
လောကီမင်္ဂလာအဖြာဖြာတို့သည်လည်းစိတ်ကြံတိုင်းတောင်းတတိုင်းလွယ်ကူလျှင်မြန်စွာပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း
အေးချမ်းရပါစေသားအရှင်ဘုရား……။

ခင်ပွန်းကြီး၁၀ပါးပူဇော်ခြင်းအကျိုး(၁၀)ပါး။

၁။အစားအစာမရှားပါးခြင်း
၂။ရောက်ရာအရပ်၌လေးစားပူဇော်ခံရခြင်း
၃။ရန်သူမျိုးငါးပါးနှင့်ကင်းဝေးနိုင်ခြင်း
၎။လူချစ်လူခင်ပေါများခြင်း
၅။ပရိသတ်အလယ်၌တင့်တယ်စွာနေနိုင်ခြင်း
၆။ကောင်းသတင်းဂုဏ်ကျော်စောခြင်း
၇။အခြွေအရံများခြင်း
၈။စီးပွားဥစ္စာဖွံဖြိုးတိုးတက်ခြင်း
၉။ဘေးဒုက္ခကြုံသော်အကူအညီရရှိခြင်း
၁၀။သားကောင်းသမီးကောင်းရရှိနိုင်ခြင်း

ခင်ပွန်းကြီး၁၀ပါးအားပြစ်မှားသူတို့ကြုံရမည့် ဒဏ်၁၀ပါး။

၁။ပြင်းထန်သောဦးခေါင်းနာစသည်ဝေဒနာများဖြစ်ခြင်း
၂။ပိုင်ဆိုင်သောဥစ္စာပစ္စည်းများဆုတ်ယုတ်ပျက်စီးခြင်း
၃။လက်ခြေပြတ်ခြင်း၊ကိုယ်အင်္ဂါပျက်စီးခြင်း
၎။ကုသ၍မရနိုင်သောကြီးလေးသည့်ရောဂါများဖြစ်ခြင်း
၅။ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
၆။မင်းပြစ်မင်းဒဏ်ခံရခြင်း
၇။မတရားသဖြင့်စွပ်စွဲခံရခြင်း
၈။ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း
၉။စည်းစိမ်ဥစ္စာအခြွေအရံများပျက်စီးခြင်း
၁၀။နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်း
ပစ္စုပ္ပန်ဘ၀၌ထိုဒဏ်၁၀ပါးသင့်မည့်အပြင်သေလွန်သော
အခါ၌လည်းအပါယ်ငရဲသို့်ကျရောက်နိုင်ပါသည်။

Friday, April 22, 2011

“သမ္ဗုဒ္ဒေ ဂါထာ ဘုရားရှစ်ခိုး ပါဠိ-အနက်”

“သမ္ဗုဒ္ဒေ ဂါထာ ဘုရားရှစ်ခိုး ပါဠိ-အနက်”

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတသဟဿာနိ၊ နမာမိ သိရသာမဟံ။

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ။

န မက္ကာရာ နုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊၀ိနဿန္တု အသေသတော။


အဋ္ဌ၀ီသံ - သုံးပါးဘ၀ သုံးလောကတွင် ဥာဏရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေ စ - တန်ဆောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊ ဒွါသ သဉ္စ သဟဿကေ - နိဗ္ဗန်ကင်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်နှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဒေ စ - လရောင်ပမာ ဥာဏ် ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊ ပဉ္စသတသဟဿာနိ - သောင်းတိုက် စင်္ကြာ ၀ဠာ ဂုဏ်ဝါရောင်ရှိန် ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဒေ စ - နေရောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ် မုနိန်တို့ကိုလည်းကောင်း၊ အဟံ - အကျွန်ုပ် သည်၊ သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ - လက်အုပ် မိုး၍ ရှိခိုးပါ၏။ ဂင်္ဂါ ဂင်္ဂါယ - ဂဂါင်္ မြစ်အတွင်း၌၊ ၀ါဠုကာ - ရှိကြကုန်သော သဲတို့သည်၊ အပ္ပကာ ၊ နည်းကြ ကုန်သေး၏ ။ နိဗ္ဗုတာ - ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ဇိနာ - နှောက်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာ မဂ် ဘုန်းရောင်းစက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကား၊ အနန္တာ - သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်၊ တေ ဇိနေ စ -ထိုဘုရားရှင် တို့ကိုလည်းကောင်း ။ တေသံ - ထိုငါးသိန်းတစ်သောင်း နှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ ကုန်သော ဘုရာရှင် မရေ တွက်နိုင်သော ဘုရားရှင်တို့၏ ။ ဓမ္မဉ္စ - တရားတော်မြတ်ကိုလည်းကောင်း ။ သံဃဉ္စ ၊ တပည့် သား သံဃာ တော်မြတ်ကို လည်းကောင်း ။ အဟံ - အကျွန်ုပ်သည် ။ အာဒရေန- အာဒရံ ၊ ရိုသေစွာ ။ နမာမိ - ရှိခိုးပါ၏။ နမက္ကာရာနုဘာဝေန - ဤသို့ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာ မကုသိုလ် စေတနာကြောင့်၊ သဗ္ဗေ - ခပ်သိမ်းကုန်သော ။ ဥပဒ္ဒဝေ - ဘေးရန်တို့ကို၊ ဟိတွာ - ပယ် ဖျောက်၍၊ အနေကာ အန္တရာယာပိ - တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊ အသေသတော - အကြွင်းအကျန် မရှိသောအားဖြင့်၊ ၀ိနဿန္တု - ပျောက်ပျက်ပါစေကုန်သတည်း။

Thursday, April 7, 2011

ဘုရားရှိခိုးရခြင်း (ဗုဒ္ဓါနုဿတိဘာဝနာပွားများရခြင်း) ၏ အကျိုးကျေးဇူးများ။

၁။ ဘုရားရှုင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်း ရှိ၏။

၂။ (က) ရတနာသုံးပါ၌ ယုံကြည်မူ့၊ ကံကံ၏ အကျိုး၌ ယုံကြည်မူ့ သဒ္ဓါတရားများတိုးပွားလာ၏။
(ခ) အမှတ်သတိကောင်းလာ၏။
(ဂ) ဥာဏ်ပညာ ထက်မြက်လာ၏။
(ဃ) ကုသိုလ် တရားတိုးပွားလာ၏။

၃။ နှစ်သက်ခြင်း ပီတိ၊ ၀မ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ တိုးပွားလာ၏။

၎။ (က) ဘေးကြီး ဘေးငယ်များ ရင်ဆိုင်ရဲလာ၏။
(ခ) တွေ့ကြုံလာသော ဒုက္ခများကို သည်းခံနိုင်လာ၏။

၅။ ဘုရားရှင်နှင့် အတူနေရသလို မှတ်ထင်လာ၏။

၆။ ဂုဏ်တော်ပွားခြင်းဖြင့် ထုံမွမ်းထားသော ထိုသူ၏ ကိုယ်သည်လည်းစေတီအိမ်ပမာပူဇော်ခြင်းငှါ ထိုက်လာ၏။

၇။ ဘုရားအဖြစ်၌ စိတ်ညွတ်လာ၏။

၈။ မကောင်းမှုပြုရန် အခွင့်ကြုံလာသော်လည်း မိမိ၏ ရှေ့မှောက်၌ ဘုရားရှင်ကို ဖူးမြင်နေရသကဲ့သို့ ဖြစ်ကာ အရှက်အကြောက် တရားများ ဖြစ်ပွားလာ၏။

၉။ ယခုဘ၀ အထက်မဂ် ဖိုလ် မရသည်ရှိသော် သုဂတိ ဘ၀သို့ လားရောက်ရ၏။

(၀ိသုဒ္ဓိမဂ္ဂ၊ ၁၊ ၂၀၆)

Tuesday, April 5, 2011

ဘုရားဂုဏ်တော်ကိုးပါး

ဘုရားဂုဏ်တော်ကိုးပါး

ဣတိပိ သောဘ၀ါ

(၁) အရဟံ

(၂) သမ္မာသမ္ဗုဒ္ဓေါ

(၃) ၀ိဇ္ဇာစရဏသမ္ပန္နော

(၄) သုဂတော

(၅)လောက၀ိဒူ

(၆) အနုတ္တရော ပုရိသဒမ္မသာရထိ

(၇) သတ္ထာဒေ၀မနုဿာနံ

(၈) ဗုဒ္ဓေါ

(၉) ဘဂ၀ါ၊

အရဟံ ဂုဏ်တော်အဓိပ္ပါယ်-

သော ဘာဂ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-တစ် ထောင့်ငါးရာ ကိလသာတို့ကို ၀ါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ - အရဟံမည် တော်မူပါပေ၏၊
နောက်တစ်မျိုးအနေနဲ့
အရဟံ- ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ= ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား၊
အရဟံ = ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ ဆိုပြီးလည်း မှတ်သား နိုင်ပါတယ်။

သမ္မာသမ္ဗုဒ္ဓေါ အဓိပ္ပါယ်-

သော ဘဂ၀ါ= ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ သဗ္ဗဉ် ဥာဏ်အားစွမ်းပကားဖြင့် များသင်္ခါရ ၀ိကာရနှင့် လက္ခဏပညတ် နိဗ္ဗာန်ဓာတ်ဟု ငါးရပ် သိရန် ဥေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိတော်မူသော ဤအကြောင်း ကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ= သမ္မာသမ္ဗုဒ္ဓမည်တော်မူပါပေ၏၊
သမ္မာသမ္ဗုဒ္ဓေါ- အလုံးစုံသောတရားတို့ကို ကိုယ်တော်တိုင် သိတော်မူ သောမြတ်စွာဘုရားလို့ မှတ်သားထားမယ်ဆိုရင် အဆင်ပြေပါတယ်၊

ဝိဇ္ဇာစရဏသမ္ပန္နော အဓိပ္ပါယ်

သော ဘဂ၀ါ =ထိုမြတ်စွာဘုရားသည်၊ဣတိပိ ဣမိနာစ ကာရဏေန=သုံးပါး ရှစ်ပါး နှစ်မျိုးအားဖြင့် ဟောထားပညာ ဥာဏ်ဝိဇ္ဇာတည်း နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့  ဆိုက်ကပ်ရန်ဖြင့် အမှန်သင့်သည် အကျင့်စရဏ ဆယ်ငါ့ဝနှင့် တကွဥဿုံ ပြည့်စုံတော် မူသော ဤအကြောင်းကြောင့်လည်း၊ ၀ိဇ္ဇာစရဏသမ္ပန္နော=၀ိဇ္ဇာစရဏသမ္ပန္န မည်တော် မူပါပေ၏၊
အတိုမှတ်ချင်ရင်တော့
ဝိဇ္ဇာစရဏ သမ္ပန္နော- ၀ိဇ္ဇာတရား စရဏတရားနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားလို့ အလွယ် မှတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်၊
ဒီနေရာမှ ထပ်ရှင်းအောင်ပြောပြရရင် ၀ိဇ္ဇာ-ဆိုတာ အသိကိုပြောတာပါ၊ စရာဏကတော့=အကျင့်ပေါ့၊ သမ္ပန္န-ကတော့ အဲဒီလိုသိပြီး ကျင့်လို့ပြည့်စုံတာကိုပြောတာပါ၊
ဝိဇ္ဇာဆိုတာ ဘုရားရှင်ရဲ့ဥာဏ်တော်ပါ၊ အဲဒီဥာဏ်တော်က သုံးပါရှိပါတယ်၊ တစ်ချို့သုတ္တန်ဒေသနာတော်တွေမှာတော့ ရှစ်ပါးလို့ဟောထားပါသေးတယ်၊ ဒါကြောင့် သုံးပါး၊ ရှစ်ပါးဆိုပြီးပြောဆိုရေးသားကြတာပါ၊ ပထမဆုံး ၀ိဇ္ဇာသုံးပါးကိုပြောပြပါမယ်၊
အလွယ်မှတ်ချင်ရင်တော့“ပု၊ ဒိ၊ အာ”လို့ မှတ်ထားရင်အဆင်ပြောပါတယ်၊
ပု-ဆိုတာ ပုဗ္ဗေနိဝါသာနုဿိဥာဏ်-ရှေးရှေးဘ၀တွေကို ပြန်လည်အမှတ်ရနိုင်တဲ့ဥာဏ်ပါ၊
ဒိ-ဆိုတာ ကတော့ ဒိဗ္ဗစက္ခုဥာဏ်=နတ်မျက်စိလို အဝေးကအရာဝတ္ထုတွေကိုမြင်နိုင်တဲ့ဥာဏ်ပါ၊
အာ-ဆိုတာ အာသ၀က္ခ၀ဥာဏ်=ကိလေသာအာသဝေါတွေကို ကုန်စေတတ်တဲ့ အရ ဟတ္တမဂ်ဥာဏ်ပါ၊

ဝိဇ္ဇာရှစ်ပါးဆို တာကတော့ ပြောပြခဲ့တဲ့ သုံးပါးရယ်၊ ခုပြောပြမယ့် ငါးပါးရယ်ပေါင်းလိုက်ရင်ရှစ်ပါးပေါ့၊

အဲဒီငါးပါးက ဘာတွေလဲဆိုရင်-

(၁) ၀ိပဿနာဥာဏ်=အနိစ္စ ဒုက္ခ အနတ္တဆိုပြီးလက္ခဏာရေးသုံးပါးနဲ့ ရုပ်နာမ်တ ရားအားလုံးကို သိမြင်နိုင်တဲ့ဥာဏ်၊

(၂) စေတောပရိယဥာဏ်=သူတစ်ပါးစိတ်ကို သိတဲ့ဥာဏ်၊

(၃) မနောမယိဒ္ဓိဥာဏ်=မိမိကဲ့သို့ အတူတစ်ပါးဘုရားတစ်ဆူကို စိတ်ဖြင့်ဖန်ဆင်း နိုင်သောဥာဏ်၊

(၄) ဒိဗ္ဗသောတဥာဏ်= နတ်တွေရဲ့နားလို အဝေးကအသံ၊ အသံတိုးတိုလေး တွေကိုကြားနိုင်တဲ့ဥာဏ်၊

(၅) ဣဒ္ဓိဝိဓဥာဏ်=မြေလျှိုးမိုးပျံ စတာတွေလို တန်ခိုးအမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ ဥာဏ်၊

စရဏဆိုတာ....
စရဏက (၁၅)ပါးရှိပါတယ်၊ အဲဒါတွေက

(၁) သဒ္ဓါ=ကုသိုလ်ကံ အကုသိုလ်ကံ၊အဲဒီကံရဲ့အကျိုး၊ ဘုရားတရားသံဃာရှိ တာ၊နောက်ဘ၀ရှိတာ ယုံကြည်တာ၊

(၂) သတိ= ကုသိုလ်ကောင်းမှုနဲ့ ဆိုင်တဲ့အရာတွေမှာ အမှတ်ရတာ၊ လူတော်များ များက သတိရတယ်ပြောကြပါတယ်၊ ဒါပေမဲ့ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်တာသတိရ တာမဟုတ်ဘူးလေ၊
(ကိုယ့်ရဲ့ ရည်းစားကိုသတိရတာ၊ သူငယ်ချင်း မိဘဆွေတွေကို သ တိရတာလေ၊ ဒီသတိက အဲဒီလို သတိမဟုတ်ပါဘူး။)

(၃) ဟိရီ= မကောင်းမှုတွေလုပ်ရမှာကို ရှက်တာ၊

(၄) သြတ္တပ္ပ=မကောင်းမှုတွေလုပ်ရမှာကို ကြောက်တာ၊

(၅) ၀ီရိယ=ကုသိုလ်ကောင်းမှုမှာ အားတက်သရောလုပ်တာ၊

(၆) သုတ=အကြားအမြင်များတာ၊

(၇) ပညာ=အရာရာမှာတတ်သိလိမ္မာတာ၊

(၈) ဘောဇနမတ္တညုတာ=စားသောက်ရာမှာ ကိုယ်နဲ့သင့်မသင့်နှိုင်းချင့်ပြီး အ တိုင်းအရှည်သိတာ၊

(၉) ဇာဂရိယာနုယောဂ=နိုးနိုးကြားကြားအိပ်တာ၊ အအိမ်အနေနည်းတာ၊

(၁၀) သီလ=ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းတာ၊

(၁၁) ဣန္ဒြိယသံဝရ=တွေ့မြင်ကြားသိသမျှတွေအပေါ်မှာ လောဘဒေါသစတာ တွေမဖြစ်ပဲ မျက်စိ နား နှာစတာတွေကို ငြိမ်သက်အောင်စောင့်စည်းတာ၊

(၁၂) ပထမဈာန်၊

(၁၃) ဒုတိယဈာန်၊

(၁၄) တတိယဈာန်၊

(၁၅) စတုတ္ထဈာန်၊ တို့ဖြစ်ပါတယ်၊

သုဂတောဂုဏ်တော် အဓိပ္ပါယ်

သော ဘဂ၀ါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ ဒီပင်္ကရာ ထွဋ်ချာသနင်း ခြေတော်ရင်းမှ မှန်းကင်းသိရီ ဗောဓိမဏ္ဍိုင် ခန်းဝါပိုင်အောင် ဆယ်ခိုင်ပါ ရမီ ပြည့်စုံညီလျှက် သုံးလီဘ၀ များသတ္တ၏ သုခစီးပွါး ကျင့်သောအားဖြင့် မိုက်မှားအယူ မိစ္ဆာဟူက ဆံမြူတစ်စိ မကပ်ငြိပဲ သတိသမ္ပဇဉ် မပြတ်ယှဉ်လျှက် သဗ္ဗဉ်ဥာဏ်တော် ရ ကြောင်းရော်၍ ကြွတော်မူခဲ့သော ဤအကြောင်းကြောင့်လည်း၊ သုဂတော်-သုဂတမည် တော်မူပါပေ၏။ ဒါက အရှည်မှတ်ချင်သူများအတွက်ပါ၊

့“သုဂ တော= ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူတတ်သော မြတ်စွာဘုရား”လို့မှတ်ရင်လည်းရပါတယ်။

လောက၀ိဒူ ဂုဏ်တော်အဓိပ္ပါယ်

သောဘဂ၀ါ=ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ သတ္တာကာ ယ သင်္ခါရဟု လောကသုံးဘုံ အလုံးစုံကို အာရုံထင်စွာ ပိုင်းခြားကာဖြင့် ကောင်းစွာကုန် စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောက၀ိဒူ၊ လောက၀ိဒူ မည် တော်မူပါပေ၏၊
လောက၀ိဒူ= လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား

လောကသုံးပါးဆိုတာက
(၁)သတ္တလောက=သက်ရှိ သတ္တ၀ါအပေါင်းကိုခေါ်တာပါ၊
(၂) သြကာသလောက=သတ္တ၀ါတွေနေတဲ့နေရာဋ္ဌာန ဘုံ၊သတ္တ၀ါတွေမနေတဲ့ ဘုံဋ္ဌာနတွေကိုခေါ်တာပါ၊
(၃) သင်္ခါရလောက= ရုပ်တရားနာမ် တရားအားလုံးကိုခေါ်တာပါ၊

အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်အဓိပ္ပါယ်၊

သောဘ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-ဆုံးမသင့်ရန် သတ္တ၀ါမှန်သော် ချောက်တန်လျှင်ချောက်၊  မြှေက်တန်လျှင်မြှောက်၍ အောက်အောက် ထက်ဂုဏ် ဆင့်ဆင့်စုံဖို့ ဖုံဖုံသင်ပေး အစဉ်ဖေးလျှက် ယဉ်ကျေးလေအောင် သွေး ဆောင်ဆုံးမတော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရောပုရိသဒမ္မသာ ရထိ- အနုတ္တရောပုရိသဒမ္မ သာရထိမည်တော်မူပါပေ၏၊
ဆုံးမထိုက်တဲ့သတ္တ၀ါတွေကို ယဉ်ကျေးအောင်ဆုံးမရာ မှာ အတုမရှိ စွမ်းနိုင်တော်မူသောမြတ်စွာဘုရား။

သတ္ထာဒေ၀မနုဿာနံ ဂုဏ်တော်အဓိပ္ပါယ်၊

သောဘ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ သတ္တ၀ါဟော် ကုန်သည်ကျော်သည်၊ ဖော်လှော်ငယ်သား နောက်ပါများကို ရေရှားဘေးခ ကန္တာရမှ ခေ မမြေငူ ထုတ်ကယ်ယူသို့ ထို့တူတစိ ခဲယဉ်းဘိသည့် ဇာတိ ဇရာ မရဏာဟု ကန္တာရ ကြမ်း ခရီးလမ်းမှ ရွှေနန်းမြေငူ ပြည်နိဗ္ဗူသို့ နတ်လူဗြဟ္မာ သတ္တ၀ါကို ကောင်းစွာဆောင် ယူ ကယ်တင်တော်မူတတ်သော ဤအကြောင်းကြောင့်လည်း၊ သတ္ထာဒေ၀မနုဿာနံ-သတ္ထာဒေ၀မနုဿာန မည်တော်မူပါပေ၏၊

သတ္ထာဒေ၀မနုဿာနံ-နတ်လူဗြဟ္မာ သတ္တ၀ါတို့ရဲ့ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။

ဗုဒ္ဓေါဂုဏ်တော်အဓိပ္ပါယ်၊

သောဘဂ၀ါ-ထိုမြတ်စွဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊ ဒုက္ခ သမုဒယ နိရောဓနှင် မဂ္ဂမည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူ သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ- ဗုဒ္ဓမည်တော်မူပါပေ၏၊
ဗုဒ္ဓေါ-သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင်လည်းသိ သူတစ်ပါးကိုလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား။

ဘဂ၀ါ ဂုဏ်တော်အဓိပ္ပါယ်၊

သောဘဂ၀ါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန၊

(၁) အဏု မြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်၊

(၂) စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံကြွသွာနိုင်သော “လဃိမာ”ဘုန်းတော်

(၃) ကိုယ်တော်သဏ္ဌာန် ပုံဟန်ပိုင်းခြား မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ် ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊

(၄) ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တစ်ခဏလောက်ဖြင့် ကြွသွား နိုင်သော “ပတ္တိ”ဘုန်းတော်၊

(၅) အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်းဖြင့် ပြီးစီးနိုင် သော “ပါပကမ္မ”ဘုန်းတော်၊

(၆) ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ် စိုး လွှမ်းမိုးနိုင်သော“ဤသိတာ”ဘုန်းတော်

(၇) သမာပတ်ဈာန် အဘိညာဏ်ကို ၀င်စံလိုက တခဏခြင်းပိုင် ၀င်စားနိုင်သော “၀သိတာ”ဘုန်းတော်၊

(၈) ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆော်လျှင်မသွေ ပြီးဆုံးစေနိုင် သော“ယတ္ထကာမာဝသာယိတာ”ဘုန်းတော်၊

ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ“ဣဿရိယ”ဘုန်းတော်၊

ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် ကိုးချက်အပြား လောကုတ္တရာတ ရားဟူသော“ဓမ္မ”ဘုန်းတော်

ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့ထင် ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော“ယသ”ဘုန်းတော်၊

ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်သည်၊ပန်းမင်းအနေ ကျက်သရောမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော“သိရီ”ဘုန်း တော်၊

အလိုတော်တိုင်း တောင့်တတိုင်းပင် မဆိုင်းမဆွ ပြီးစီးရသည့်“ကာမ”ဘုန်းတော်၊

တစ်လောကလုံး ညွန်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော် မူသော“ပယတ္တ”ဘုန်းတော်၊

ဤခြောက်ဖော်စုံ ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့် လည်း၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏၊

Tuesday, January 25, 2011

"ဘုရားရှင်၏အံ့ဖွယ်တော် ( ၁၈ ) ပါး "

"ဘုရားရှင်၏အံ့ဖွယ်တော် ( ၁၈ ) ပါး "

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်ကပယ်ဖြတ်မူသောဆံတော်သည်လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) လောကသုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ
အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့်
သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥယျောဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ
သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမထင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

Tuesday, January 18, 2011

........... လင်္ကာ

သာသနာ အလေးမပြု
ဆေးကုလို့  ကျောင်းထိုင်
ဗေဒင်လေး ဟောနိုင်လျှင်
ပေါလှိုင်လှိုင် လာဒ်များ......။
အာဇီဝ မစင်ကျယ်လျှင်
နင်....
အပါယ်ရောက်မယ့် ယောင်္ကျား....။

{မောင်ထောင်သာသနာပိုင်ဆရာတော်}

Thursday, December 16, 2010

“ပါရမီထိုက်သောဒါန နှင့် ပါရမီမထိုက်သောဒါန“

ပါရမီထိုက်သော ဒါနဟူသည် လောဘကုန်ခန်းစေရန် ပြုသော ဒါနဖြစ်ပြီး၊ လောဘပွားစီးစေရန် ပြုသောဒါနသည် ပါရမီမထိုက်သောဒါနဖြစ်ပေသည်။


လောဘပွားစီးစေရန် ပြုသောဒါနဟူသည် နံမည်ကြီးလိုခြင်း၊ လူသိများလိုခြင်း၊ အခွင့်အရေးရလိုခြင်း၊ နောင်ဘဝချမ်းသာလိုခြင်း စသောမျှော်လင့်ချက် တစ်ခုခုနှင့် လှူဒါန်းသော
ဒါနမျိုးဖြစ်ပေသည်။ ယင်းဒါနမျိုးသည် လူချမ်းသာ၊ နတ်ချမ်းသာ ဘဝမျိုးကိုသာပေးစွမ်းနိုင်ပြီး၊ နိဗ္ဗာန်ချမ်းသာကို မပေးစွမ်းနိုင်ပေ။ထိုပြင် ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ဒါနမှန်သမျှသည် ပါရမီမထိုက်ဟု ထပ်ဆင့် မှတ်ယူသင့်ပေသည်။ ငါဟူသည်ဒိဋ္ဌိကိလေသာဖြစ်ပြီး၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်၏။ ထိုကိလေသာနှစ်ပါး ဦးဆောင်ပြီးပြုသော ဒါနသည် ကိလေသာကုန်ရာ နိဗ္ဗာန်သို့ ဧကန်မုချ ပို့မပေးနိုင်သည်မှာ သေချာလှပါသည်။ ထိုကြောင့် ငါကောင်းစားဖို့ ဟူသောမျှော်လင့်ချက်နှင့် လှူဒါန်းသော ဒါနသည် ပါရမီမထိုက်ခြင်း ဖြစ်၏။

လောဘကုန်ခန်းစေရန် ပြုသောဒါနဟူသည် မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ သူ ကောင်းစားဖို့ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းသောဒါနပင် ဖြစ်၏။ အလှူခံပုဂ္ဂိုလ်တည်းဟူသော  သူတစ်ပါးကောင်းစားစေရန် ရည်ရွယ်ချက်ထားလိုက်ခြင်းသည် ဒိဋ္ဌိနှင့် လောဘ ကိလေသာကို ထိုဒါနက တခါတည်း ပယ်သတ်ပြီးသား ဖြစ်သွား၏။ ကိလေသာကို ပယ်သတ်နိုင်သောကြောင့် ပါရမီထိုက်သောကိလေသာကုန်ရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်ခြင်း ဖြစ်၏။

ပါရမီဟူသည် မြင့်မြတ်သူတို့၏ နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းမှု၊ သီလဆောက်တည်မှု စသည်တို့သာတည်း။ လောကီ  စည်းစိမ်ချမ်းသာကို ရည်မှန်း၍ လှူဒါန်းမှုကို ပါရမီဟု မဆိုထိုက်ပေ။


အရှင်ဇဝန - မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော ပါရမီထိုက်သောဒါန နှင့် ပါရမီမထိုက်သောဒါန စာအုပ်မှ
ကောက်နှုတ်ချက်။

Friday, September 18, 2009

မိဘဂုဏ်(၁၂)ပါး


မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။

( မေမေကို... သတိရမိလို့ ပါ။ မိဘတို့ ရဲ့ ဂုဏ်ကျေးဇူးတော်တွေကို သေသေချာချာ
သိလိုက်ရတော့ ... “အန္တမေတ္တာရှင်” တွေရဲ့ နက်ရှိုင်းလှတဲ့ မေတ္တာတရားတွေကို
ပိုပြီးလေးစား ၊ နားလည် ၊ ခံစား မိလာတယ်။ အဝေးတနေရာကိုရောက်နေပေမယ့် ထာဝစဉ်
ဦးထိပ်ပန်ဆင် ကန်တော့လျက်ပါ ... “မေမေ” ။)

Sunday, August 23, 2009

ဗုဒ္ဓဘာသာဝင်များနဲ့ ၃၇မင်းနတ်

မေး-။---။

မြန်မာတွေဗုဒ္ဓဘာသာဖြစ်ငြားလည်းနတ်ကိုးကွယ်ခြင်းဧ။်လွမ်းမိုးခံနေရတာဘာ့ကြောင့်လဲ?။
ဗုဒ္ဓဘာသာဝင်များနတ်ကိုကိုးကွယ်သင့်လားမသင့်လား?။

ဖြေ။....။

ရှိခိုးခြင်း၊ကိုးကွယ်ခြင်း၊ပူဇော်ခြင်း၊အရိုအသေပြုခြင်းဟာ_ဘယ၊လာဘ၊ကုလ၊အာစရိယ၊

နိဿရဏ စတဲ့ငါးမျိုးကြောင့်သာဖြစ်ပါတယ။်


ဘယ=ကြောင့်ရွံ့  ၍ကိုးကွယ်ခြင်း
လာဘ =လာဘ်ပစ္စည်းရလို၍ကိုးကွယ်ခြင်း
ကုလ =မျိုးရိုးအလိုက်ကိုးကွယ်ခြင်း
အာစရိယ =ဆရာဖြစ်၍ကိုးကွယ်ခြင်း
နိဿရဏ=သံသရာမှလွတ်မြောက်လို၍ကိုးကွယ်ခြင်း


၎င်းငါးမျိုးအနက်။ ။ရတနာသုံးပါးကိုကိုးကွယ်ခြင်းသည်(နိဿရဏ)သံသရာမှလွတ်မြောက်ဖို့ အတွက်ကိုးကွယ်ခြင်းဖြစ်သည်။
ဘိုးဘိုးကြီး၊၀ိဇ္ဇာ၊ဇော်ဂျီ၊စသည်ကိုးကွယ်ခြင်းသည်လာဘ်လာဘရဖို့ ၊မျိုးရိုးဖြစ်လို့ ၊ကြောက်ရွံ့ လို့ ၊ကိုးကွယ်ခြင်းဖြစ်သည်။
---ရတနာသုံးပါးဆည်းကပ်သူဟာ
"ဗုဒ္ဓေါမေသရဏံအညံနတ္တိ၊ဓမ္မောမေသရဏံအညံနတ္တိ၊သံဃောမေသရဏံအညံနတ္တိ၊"ဆိုတဲ့အတိုင်းရတနာသုံးပါးမှတပါး
နိဿရဏအကျိုးငှာဘယ်အရာမှမဆည်ကပ်မကိုးကွယ်ကောင်းပါဘူး။
ကိုးကွယ်ခဲ့သော်..."သရဏဂုံ"..ပျက်စီးတတ်ပါတယ်။

ဆရာတော်တစ်ပါးကပြန်လည်ဖြေပြထားခြင်းဖြစ်ပါသည်။

မှတ်ချက်။ ။ ၃၇ မင်းနတ်တွေဆိုတာ... တာဝတိံသာ စသော နတ်ပြည်ခြောက်ထပ်မှာနေထိုင်ကြတဲ့ နတ်တွေနဲ့ မရောစေချင်ဘူး။

Monday, August 17, 2009

ပုတီးစိပ်ခြင်း ( ၂ ) မျိုး

ပုတီးကိုလူတိုင်းစိတ်ဖူးကြမှာပါ......(မစိပ်တဲ့လူတွေမပါ)ဒါပေမယ့်စိပ်ပုံစိပ်နည်းမှန်တဲ့သူရှိသလိုမမှန်တဲ့သူလည်းရှိမယ်လိုထင်ပါတယ်......ပုတီးစိပ်ပုံစိပ်နည်းမမှန်တဲ့လူတွေအတွက်ပါ.......
၁။ သာမန်ပုတီးစိပ်ခြင်း ၂။ အဓိဋ္ဌာန်ပုတီးစိပ်ခြင်း

၁။ သာမန်ပုတီးစိပ်ခြင်းဆိုသည်မှာ- ကုသိုလ်ရနိုင်သည့် အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ နေရာမရွေး၊ အချိန်မရွေး ပုတီးစိပ်ခြင်းမျိုးကို ဆိုလိုပါသည်။

၂။ အဓိဋ္ဌာန်ပုတီးစိပ်ခြင်းဆိုသည်မှာ- ပုတီးစိပ်ခြင်းကို သီးခြားလုပ်ငန်းတစ်ခုအဖြစ် သပ်သပ်အချိန်ပေးပြီး အဓိဋ္ဌာန်၍ ကျကျနန စိပ်ခြင်းမျိုးဖြစ်ပါသည်။ ဤသို့ စနစ်တကျ ပုတီးစိပ်ကြမည်ဆိုလျှင် အောက်ပါ အချက် ၁၁ ချက်ကို လက်တွေ့ ဆောင်ရွက်ရန်လိုပါသည်။

ပုတီးမစိပ်မီ ကျင့်ဝတ် ( ၁၁ ) ပါး
၁။ ဆာလောင်မွတ်သိပ်မှု ကင်းအောင် တစ်ခုခုစားထားပါ၊
၂။ ကိုယ်ခန္ဓာနှင့် အ၀တ်အစား သန့် ပြန့် ပါစေ၊ ပုတီးစိပ်သောနေရာလည်း သန့် ရှင်းပါစေ၊
၃။ မိမိနှင့် သင့်လျော်သော အချိန်ကို ရွေးပါ။
၎။ နေရာစနစ်တကျယူပြီးမှ ပုတီးစိပ်အလုပ်ခွင်စပါ။
၅။ သရဏဂုံ သီလ ခံယူဆောက်တည်ပါ။
၆။ အနန္တငါးပါး ကန်တော့ပါ။
၇။ မေတ္တာပို့ ပါ။
၈။ မေတ္တာပို့ ပြီးနောက် ဘုရားပင့်ပါ။
၉။ ဘုရားကို မိမိခန္ဓာကိုယ်ကို လှုဒါန်းလိုက်ပါ။
၁၀။ ပုတီးစိပ်ရန် ကမ္မဋ္ဌာန်းတောင်းပါ။
၁၁။ မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်ပြုပါ။

ပုတီးစိပ်စဉ် ကျင့်ဝတ် ငါးပါး
၁။ ကိုယ်ကို မတ်၍ တင်ပလ္လင်ခွေ၊ သို့ မဟုတ် ပုဆစ်ဒူးတုပ်ထိုင်ပါ။
၂။ ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်စိပ်ပါ။
၃။ ယုံယုံကြည်ကြည်စိပ်ပါ၊ မိမိအနှစ်သက်ဆုံး အရာတစ်ခုခုကိုစိပ်ပါ၊ သမာဓိရရန်ကြိုးစားပါ။
၎။ ပုတီးစိပ်နေဆဲ ကာလမှာ အကျိုးတရားကို မျှော်လင့်သည့် လိုချင်စိတ် လုံးဝ မထားရပါ။
၅။ မဆိုင်သည့် စိတ်ကူးတွေ ၀င်လာလျှင် အမြန်ဖယ်ရှားပစ်ပါ။

Friday, August 14, 2009

မောရသုတ်

၁။ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
(ပူရင်တံ ဗောဓိသမ်ဘာရေ၊ နိတ်ဗတ်တံ မောရ့  ယောနိယံ)
ယေန သံဝိဟိတာရက္ခံ၊ မဟာသတ္တံ ၀နေစရာ၊
(ယေန့  သံဝိဟိတာရက်ခံ၊ မဟာသတ်တံ ၀နေစရာ)
၂။စိရသ၁ံ ၀ါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ။
(စိရတ်သံ ၀ါယမန်တာပိ၊ နေ၀့ သက်ခိမ်သု ဂန်ဏှိတုံ)
ဗြဟ္မမန္တန္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(ဗြန်မ့မန်တန်တိ အက်ခါတံ၊ ပရိတ်တံ တံ ဘဏာမ့ဟေ)
၃။ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
(အုဒေတယံ စက်ခုမာအေက့ရာဇာ၊)
ဟရိသ၁၀ဏ္ဏော ပထ၀ိပ္ပဘာသော။
(ဟရိတ်သ့ဝဏ်ဏော ပထ၀ိတ်ပ့ဘာသော)
တံတံ နမသာမိ ဟရိသ၁ ၀ဏ္ဏံ ပထ၀ိပ္ပဘာသံ၊
(တံတံ နမတ္သာမိ ဟရိတ္သ့ ၀ဏ္ဏံ ပထ၀ိတ္ပ့ဘာသံ)
တယဇ္ဇ ဂုတ္တာ ၀ိဟာရေမု ဒိဝသံ။
(တယစ်ဇ့ ဂုတ်တာ ၀ိဟာရေမု ဒိဝသံ)
၎။ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
(ယေ ဗြန်မဏာ ဝေဒဂူ သပ်ဗ့ဓမ်မေ)
တေ မေ နမော တေစ မံ ပါလယန္တု။
(တေ မေ နမော တေစ့ မံ ပါလယန်တု)
နမတ္ထု ဗုဒ္ဓါနံ, နမတ္ထု ဗောဓိယာ၊
(နမတ်ထု ဗုတ်ဓာနံ, နမတ်ထု ဗောဒိယာ)
က္ကုမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။
(အိမံ သော ပရိတ်တံ ကတ်တ၀ါ၊ မောရောစရတိ အေသနာ)
၅။အပေတယံ စက္ခုမာ ဧကရာဇာ၊
(အပေတယံ စက်ခုမာ အေက့ ရာဇာ၊)
ဟရိသ၁၀ဏ္ဏော ပထ၀ိပ္ပဘာသော။
(ဧရိတ်သ့ ၀ဏ်ဏော ပထ၀ိတ်ပ့ ဘာသော။)
တံတံ နမသာမိ ဟရိသ၁ ၀ဏ္ဏံ ပထ၀ိပ္ပဘာသံ၊
(တံတံ နမတ္သာမိ ဟရိတ္သ့၀ဏ္ဏံ ပထ၀ိတ္ပ့ဘာသံ၊)
တယာဇ္ဇ ဂုတ္တာ ၀ိဟာရေမု ရတ္တံ။
(တယစ်ဇ့ ဂုတ်တာ ၀ိဟာရေမု ရတ်တိမ်။)
၆။ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
(ယေ ဗြန်မဏာ ဝေဒဂူ သပ်ဗ့ဓမ်မေ)
တေ မေ နမော, တေစ မံ ပါလယန္တု၊
(တေ မေ နမော, တေစ့ မံ ပါလယန်တု)
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
(နမတ်ထု ဗုတ်ဓာနံ, နမတ်ထု ဗောဓိယာ၊)
နမော ၀ိမုတ္တာနံ, နမော ၀ိမုတ္တိယာ။
(နမော ၀ိမုတ်တာနံ, နမော ၀ိမုတ်တိယာ)
က္ကုမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသမကပ္ပယိ။
(အိမံ သော ပရိတ်တံ ကတ်တ၀ါ၊ မောေ၇ာ ၀ါသ့ မ့ကပ်ပယိ)

မောရသုတ္တံ နိဋ္ဌိတံ
(မောရ သုတ်တံ နိတ်ထိတံ)

# {ဘုရားလောင်းသည်_ ဟိမ၀န္တာတော၊ ဟိရညဒဏ္ဍက တောင်တွင် ဥဒေါင်းမင်းဖြစ်ခဲ့စဉ်ဘ၀က
နေထွက်စ(အိပ်တန်းမှဆင်းချိန်) နှင့် နေ၀င်ချိန်(အိပ်တန်းသို့ တက်ချိန်) တို့ တွင် ရွတ်ဆိုခဲ့သော ဂါထာတော်ဖြစ်သည်။
မောရသုတ် ပရိတ်တရားတော်၏ တန်ခိုးအာနုဘော်တို့ ကြောင့်_စိုးရိမ်ခြင်းကင်းရခြင်း၊ ကြောက်ရွံ့ ခြင်းကင်းရခြင်း၊
အချုပ်အနှောင်(ကျော့ကွင်း)မှလွတ်ကင်းရခြင်း၊ အန္တရာယ်ကင်းရှင်းစွာဖြင့် နေထိုင်ရခြင်း စသည့်ကောင်းကြိုးချမ်းသာ
တို့ ကိုခံစားရသည်။} #

မင်းမင်းချစ်စံအိမ်လေး 

ဘုရားရှင်၏ အံ့ဖွယ်တော် (၁၈) ပါး။

ဘုရားရှင်၏ အံ့ဖွယ်တော်(၁၈)ပါး

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

Monday, August 3, 2009

ဗုဒ္ဓဘာသာ ငါးမျိုး။

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေaနေ တွေကိုသိလို့ မြတ်စွာဘုရားက"နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေ အဖေ က ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်းအစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်
ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ ဗုဒဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကိုဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးးချတာ ဘာရည်ရွယ်ချက်နဲ့ ဦီးချနေမှန်းကို မသိတာ။  ဘာကြောင့်ဒီလောက်
ရိုရိုသေသေနဲ့အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀ စီးပွားရေးလေးတက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ဒီဘုရားကိုးကွယ်ရင်တော့လာဘ်လာဘပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။
ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိကစီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံညဏ်ဝီရိယ သတ္တိကြောင့်ပါ။အရောင်းa၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊
ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကိုကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာဘယဗုဒ္ဓဘာသာ။ဒီကုလ၊လာဘ၊ဘယဗုဒ္ဓဘာသာသုံးမျိုးကိုအောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပါတယ်။ ဒီလူပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို မြတ်စွာဘုရားကသူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံအားနည်းတော့လိမ်စားနေတဲ့သူတွေကလိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်းသင်္ကန်း ဆွမ်းကျောင်းဆေး ၊ ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲဘာတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာတွက် ကျောင်းဆောက်နေတာလဲ ။ စဉ်းးစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကိုအရင်းခံပါတယ်။သဒ္ဓါတရားဆိုတာယုံကြည်ချက်ပါ။ ဘုရား၊တရား၊သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန်ယုံကြည်တဲ့သမ္မာသဒ္ဓါနဲ့မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော်အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအားး ကိုးကွယ်ပါ၏" ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို ကြိုးစာ်းပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကိုမှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့  ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေကဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါယုံကြည်မှု။မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။
လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှုဗုဒ္ဓရဲ့ဂုဏ်တော်ကိုဘာမှနားမလည်ဘဲသူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှုဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊ အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကိုရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့ သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကိုရှောင်၊ အမှန်လမ်းကို ဆောင်တာသည့် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာတရားတော်ကို ယုံကြည်တယ်။ တရားတော်ကိုဘယ်လိုယုံတာလည်း ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့အသေအချာ သိပြီး ယုံတယ်။ ထိုသို့ သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို သေအချာပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကိုသိတဲ့ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာခန္ဓာကမြင်တာလားပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့
ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ညာဏ်နဲ့ ဖြတ်ရပါမယ်။ ညာာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိကဗုဒ္ဓဘာသာ ဖြစ်ပါသည်။သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို အရှင်ဇောတိသာရ်(စဥ့်ကူး) ရေးသားပူဇော်သည့်မိုးကုတ်မြို့ကုန်းမြင့်သာယာရပ်ဓမရံသီရိပ်သာ ပဓာန နာယက ကမဋ္ဌာနစရိယ နယ်လှည့်ဓမ္မကထိကဆရာတော်ဘဒ္ဒန္တသုနန္ဒဟောကြားတော်
မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့် သစာလေးပါး တရားတော် စာအုပ်မှကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ အကျယ်ကိုသိလိုပါက ထိုစာအုပ်တွင်ထပ်ပြီး လေ့လာနိုင်ပါကြောင်း။
( အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ….. )

ပဌာန်း (၂၄) ပစ္စည်း၏ အဓိပါယ်ဖွင့်ဆိုချက် ။

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ် နားလည်နိုင်သလို နားလည်ထားသည့် အတိုင်း အကျိုးရလဒ်များ ထင်ရှားဖြစ်ထွန်းလာအောင် စီစဉ်ထားရကား ယင်း၂၄ပစ္စည်းဆုတောင်းဖြင့် ကောင်းကျိုးသုခများ ရရှိလာကြမည်မှာ မုချဧကန်ဖြစ်ပါ၏။ အလုပ်ကိစ္စတွေ အဘယ်မျှ များပြားနေပါစေ။ ယုတ်စွအဆုံး တစ်ရက်တစ်ပစ္စည်း နှုတ်တက်ကျက်မှတ်ပါက ၂၄ ရက်တွင် ၂၄ ပစ္စည်းလုံး နုတ်တက်ရရှိမည်ဖြစ်ပြီး ဆက်လက်၍နေ့စဉ် ဘုးရားဝတ်ပြုပြီးတိုင်း ပဌာန်း ၂၄ ပစ္စည်းဆုတောင်းကို ရွတ်ဆိုဆုပန်ပါလျှင် အမှန်ပင် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။
မှက်ချက် ဒီဆိုက်လေးကို ko hbone kyaw ဆီကကူးကူတင်ပြသည်

No comments:

Post a Comment

ဒီမှာ သူငယ်ချင်းတို့ရဲ့ ရင်ထဲကစကားလေးတွေပြောပြသွားခဲ့ပါ ကျေးဇူးတင်ပါတယ်..။